ဟိုပုံးမြို့နယ်-စံငေါ (၃၃)ကေဗွီ ဓာတ်အားလိုင်းနှင့် ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံး-စံငေါ (၃၃)ကေဗွီ ဓာတ်အားလိုင်းနှင့် ၃၃/ ၁၁ ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊အောက်တိုဘာလ (၂၈)ရက်နေ့၊ နံနက် (၉:၀၀) အချိန်တွင် ဟိုပုံးမြို့နယ် စံငေါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 28-Oct-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (လျှပ်စစ်) ဦးခင်မောင်ဝင်း စင်ကာပူနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်လျက်ရှိသော Singapore International Energy Week 2020 သို့ Video Conferencing စနစ်ဖြင့် တက်ရောက်ဆွေးနွေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်း သည် စင်ကာပူနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်လျက်ရှိသော Singapore International Energy Week 2020 (SIEW 2020) သို့ နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) မှ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ပြီး၊ အဆိုပါ SIEW 2020 ဒုတိယမြောက်နေ့ အခမ်းအနားတွင် စင်ကာပူနိုင်ငံ၊ ဝန်ကြီးချုပ်ရုံး ဝန်ကြီး H.E. Dr. Tan See Leng နှင့် International Energy Agency ၏ Executive Director Dr. Fatih Birol တို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 27-Oct-2020
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ကန်ဘဲ့ကျေးရွာ လျှပ်စစ်မီးလင်းရေးအောင်ပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ကန်ဘဲ့ကျေးရွာတွင် အောက်တိုဘာလ ၂၅ ရက်၊ နံနက်(၉:၀၀)နာရီအချိန်၌ လျှပ်စစ်မီးလင်းရေးအောင်ပွဲ ကျင်းပပြုလုပ်သည်။ ကန်ဘဲ့ ကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ PFI စနစ်ဖြင့် (315 kV) ထရန်စဖော်မာ တစ်လုံးနှင့် (11kV) ဓာတ်အားလိုင်း ၁.၅ မိုင်အား ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာနေ အိမ်ထောင်စု (၃၅၀) လျှပ်စစ်မီးအသုံးပြုနိုင်တော့မည်ဖြစ်ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 27-Oct-2020
မကွေးမြို့နယ်၊ ကြောင်ပျောက်ကျေးရွာ လျှပ်စစ်မီးရရှိ
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက် လျက်ရှိသည့် မကွေးမြို့နယ်၊သရက်လေးပင်ကျေးရွာအုပ်စု၊ ကြောင်ပျောက်ကျေးရွာ မီးလင်းရေး အောင်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့တွင် ကျင်းပ ပြုလုပ် ခဲ့သည်။
Read More...
Posted under : ဝန်ကြီးရုံး
: 27-Oct-2020
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် နော်ဝေနိုင်ငံသံအမတ်ကြီး H.E. Mrs. Hilde Solbakken အား လက်ခံတွေ့ဆုံ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mrs. Hilde Solbakken အား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့၊ ၁၆:၀၀ နာရီ အချိန်တွင် ရုံး အမှတ် (၂၇) ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 26-Oct-2020