မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တွင် တိုင်းဒေသကြီး ဘတ်ဂျက်အစီအစဉ်ဖြင့် ကျေးရွာ(၂)ရွာ ထပ်မံ၍ (၂၄)နာရီ မီးပေးနိုင်ခဲ့
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ကြာကန်ကျေးရွာအုပ်စု ညောင်ရွာကြီး ကျေးရွာနှင့် လက်ပံဆိပ်ကျေးရွာအုပ်စု စိုက်ပျိုးရေး-တံခွန်တိုင်ကျေးရွာတို့အား တိုင်းဒေသကြီး ဘတ်ဂျက်အစီအစဉ်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ထပ်မံ၍ (၂၄) နာရီ ဓာတ်အား ပေးနိုင်ခဲ့ပြီး အမျိုးသားဓာတ်အားရရှိရေး NEP Phase-1 အစီအစဉ်ဖြင့် လည်း ကျေးရွာ(၁၁)ရွာ ဓာတ်အားပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါကျေးရွာ (၂)ရွာ မီးလင်းရေး ဖွင့်ပွဲအခမ်းအနားသို့ အမှတ် (၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်မြင့်ကျော်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနေမင်းထွဋ် နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 24-Nov-2020
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr. Dan Chugg အား Virtual Meeting ဖြင့် လက်ခံတွေ့ဆုံ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Dan Chugg အား ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့၊ ၁၅:၀၀ နာရီအချိန်တွင် ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမမှ Virtual Meeting ဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 23-Nov-2020
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကုန်းအင်း(အရှေ့)ကျေးရွာ၊ ကုန်းအင်း(အနောက်)ကျေးရွာနှင့် ကုန်းအင်း(တောင်)ကျေးရွာ လျှပ်စစ်မီးရရှိ
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက်ခဲ့သော ဖြူး မြို့နယ်၊ ကုန်းအင်း(အရှေ့)ကျေးရွာ၊ ကုန်းအင်း(အနောက်)ကျေးရွာနှင့် ကုန်းအင်း(တောင်)ကျေးရွာ တို့၏ ကျေးရွာ မီးလင်းရေးအောင်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၂)ရက်နေ့၊ ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 23-Nov-2020
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ ဂျိုးဖြူဓာတ်အားခွဲရုံနှင့် သိမ်ကုန်း ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားများ ကျင်းပပြုလုပ်
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ ဂျိုးဖြူဓာတ်အားခွဲရုံနှင့် သိမ်ကုန်း ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားများ ကျင်းပပြုလုပ်
Read More...
Posted under : ဝန်ကြီးရုံး
: 23-Nov-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်း မြေအောက်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး
နိုင်ငံတော်၏ တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အချိန်မီ ဖြည့်ဆည်း ပေးနိုင်ရန်အတွက် ပေါင်းလောင်း မြေအောက်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေး စက်များ မောင်းနှင်နေမှုအခြေအနေနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှုအခြေအနေတို့ကို စစ်ဆေး နိုင်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်း မြေအောက်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 21-Nov-2020