The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် နေပြည်တော်ကောင်စီနယ်မြေရှိ National Control Center (NCC) ၊ ၂၃၀ ကေဗွီ နေပြည်တော်(၂)ပင်မဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ ပျဉ်းမနားပင်မဓာတ်အားခွဲရုံတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး
နိုင်ငံတော်၏ တိုးတက်သုံးစွဲလျက်ရှိသော လျှပ်စစ်ဓာတ်အားကို သယ်ဆောင်ဖြန့်ဖြူးပေးမှု အခြေအနေနှင့် တိုးတက်ထုတ်လုပ်လာမည့် လျှပ်စစ်ဓာတ်အားများကို သယ်ဆောင် ပေးနိုင်ရန် အတွက် ဆောင်ရွက်နေမှု အခြေအနေတို့ကို စစ်ဆေးရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များလိုက်ပါလျက် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေရှိ နိုင်ငံတော်ဓာတ်အားစနစ်ကွပ်ကဲရေးဗဟိုဌာန National Control Center (NCC)၊ ပုဗ္ဗသီရိမြို့နယ်ရှိ ၂၃၀ ကေဗွီ နေပြည်တော် (၂) ပင်မဓာတ်အားခွဲရုံနှင့် ပျဉ်းမနားမြို့နယ်ရှိ ၂၃၀ ကေဗွီ ပျဉ်းမနားပင်မဓာတ်အားခွဲရုံ တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 28-Nov-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပဥ္စမအကြိမ် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပဥ္စမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၇ ရက်၊ နံနက် ၀၅:၃၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်ဝင်းနှင့် ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော် နှင့် ဌာနဆိုင်ရာ အကြီးအကဲများတက်ရောက်၍ ကထိန်လျာသင်္ကန်း၊ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 27-Nov-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် (၃၈)ကြိမ်မြောက် အာဆီယံအင်ဂျင်နီယာအသင်းချုပ်ညီလာခံသို့တက်ရောက်၍ မိန့်ခွန်းပြောကြား
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဗီယက်နမ်နိုင်ငံ the Vietnam Union of Science and Technology Associations (VUSTA) ကကြီးမှူး၍ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် Hybrid System ဖြင့် ကျင်းပ ပြုလုပ်သော (၃၈) ကြိမ်မြောက် အာဆီယံအင်ဂျင်နီယာအသင်းချုပ်ညီလာခံ (38th Conference of ASEAN Federation of Engineering Organizations–CAFEO 38)သို့ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၂၅)ရက်နေ့ နံနက် (၀၈:၃၀)နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)မှ Online ဖြင့် ပါဝင်တက်ရောက်ခဲ့ ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 25-Nov-2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တွင် တိုင်းဒေသကြီး ဘတ်ဂျက်အစီအစဉ်ဖြင့် ကျေးရွာ(၂)ရွာ ထပ်မံ၍ (၂၄)နာရီ မီးပေးနိုင်ခဲ့
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ကြာကန်ကျေးရွာအုပ်စု ညောင်ရွာကြီး ကျေးရွာနှင့် လက်ပံဆိပ်ကျေးရွာအုပ်စု စိုက်ပျိုးရေး-တံခွန်တိုင်ကျေးရွာတို့အား တိုင်းဒေသကြီး ဘတ်ဂျက်အစီအစဉ်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ထပ်မံ၍ (၂၄) နာရီ ဓာတ်အား ပေးနိုင်ခဲ့ပြီး အမျိုးသားဓာတ်အားရရှိရေး NEP Phase-1 အစီအစဉ်ဖြင့် လည်း ကျေးရွာ(၁၁)ရွာ ဓာတ်အားပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါကျေးရွာ (၂)ရွာ မီးလင်းရေး ဖွင့်ပွဲအခမ်းအနားသို့ အမှတ် (၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်မြင့်ကျော်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနေမင်းထွဋ် နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 24-Nov-2020
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr. Dan Chugg အား Virtual Meeting ဖြင့် လက်ခံတွေ့ဆုံ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Dan Chugg အား ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့၊ ၁၅:၀၀ နာရီအချိန်တွင် ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမမှ Virtual Meeting ဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 23-Nov-2020