The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ ရေကျော်ဓာတ်အားခွဲရုံ၊ ဝါးနက်ချောင်း ဓာတ်အားခွဲရုံ၊ ထန်းတပင်မြို့နယ်ရှိ ကျူတောဓာတ်အားခွဲရုံနှင့် တက်သစ်ကျွန်း ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားများ ကျင်းပပြုလုပ်
ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်ဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းမှ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ရေကျော်ဓာတ်အားခွဲရုံ၊ ဝါးနက်ချောင်းဓာတ်အားခွဲရုံနှင့် ထန်းတပင်မြို့နယ်၊ ကျူတောဓာတ်အားခွဲရုံ၊ တက်သစ်ကျွန်းဓာတ်အားခွဲရုံတို့၏ ဖွင့်ပွဲ အခမ်းအနားများကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၃)ရက်နေ့တွင် အဆိုပါ ဓာတ်အားခွဲရုံများ၌ အသီးသီးကျင်းပ ပြုလုပ်ခဲ့ ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 03-Nov-2020
မကွေးမြို့နယ် သမန္တလင်းကျေးရွာ လျှပ်စစ်မီးရရှိ
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက်နေ သည့် မကွေးမြို့နယ်၊ ဖုတ်ကုန်းကျေးရွာအုပ်စု ၊ သမန္တလင်းကျေးရွာ မီးလင်းရေးအောင်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ (၃၁)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။


Read More...

Posted under : ဝန်ကြီးရုံး
: 01-Nov-2020
မကွေးမြို့နယ်၊ ကြာပြည့်အင်းကျေးရွာ လျှပ်စစ်မီးရရှိ
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက်နေ သည့် မကွေးမြို့နယ်၊ သရက်လေးပင်ကျေးရွာအုပ်စု၊ ကြာပြည့်အင်း ကျေးရွာမီးလင်းရေး အောင်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ(၂၉)ရက်နေ့ ညနေပိုင်းတွင် အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။


Read More...

Posted under : ဝန်ကြီးရုံး
: 29-Oct-2020
ဟိုပုံးမြို့နယ်-စံငေါ (၃၃)ကေဗွီ ဓာတ်အားလိုင်းနှင့် ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံး-စံငေါ (၃၃)ကေဗွီ ဓာတ်အားလိုင်းနှင့် ၃၃/ ၁၁ ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊အောက်တိုဘာလ (၂၈)ရက်နေ့၊ နံနက် (၉:၀၀) အချိန်တွင် ဟိုပုံးမြို့နယ် စံငေါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 28-Oct-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (လျှပ်စစ်) ဦးခင်မောင်ဝင်း စင်ကာပူနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်လျက်ရှိသော Singapore International Energy Week 2020 သို့ Video Conferencing စနစ်ဖြင့် တက်ရောက်ဆွေးနွေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်း သည် စင်ကာပူနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်လျက်ရှိသော Singapore International Energy Week 2020 (SIEW 2020) သို့ နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) မှ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ပြီး၊ အဆိုပါ SIEW 2020 ဒုတိယမြောက်နေ့ အခမ်းအနားတွင် စင်ကာပူနိုင်ငံ၊ ဝန်ကြီးချုပ်ရုံး ဝန်ကြီး H.E. Dr. Tan See Leng နှင့် International Energy Agency ၏ Executive Director Dr. Fatih Birol တို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 27-Oct-2020