The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲ့မှုကော်မတီ ဥက္ကဋ္ဌဖြစ်သူ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA အား လက်ခံတွေ့ဆုံ
ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲ့မှုကော်မတီ ဥက္ကဋ္ဌဖြစ်သူ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA နှင့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့၊ မွန်းလွဲ(၂:၀၀)နာရီအချိန်တွင် Video Conferencing စနစ်ဖြင့် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 16-Dec-2020
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လှူဒါန်းမှုအား ပြည်ထောင်စုဝန်ကြီးလက်ခံ
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် "Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် Zeya and Associates Co., Ltd မှ လှူဒါန်းမှုများအား လက်ခံခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 15-Dec-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားများ ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားများကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ရောဂါကာကွယ်ရေး သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 13-Dec-2020
မကွေးမြို့နယ်၊ ကမ်းရင် ကျေးရွာ လျှပ်စစ်မီးရရှိ
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက်ခဲ့သည့် မကွေးမြို့နယ်၊ ကမ်းရင်ကျေးရွာ မီးလင်းရေးအောင်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 12-Dec-2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တွင် (၂၀၁၉–၂၀၂၀) ဘဏ္ဍာနှစ် တိုင်းဒေသကြီး Main Budget သာမာန်ငွေလုံးငွေရင်း ပိုလျှံရန်ပုံငွေ GRF အစီအစဉ်ဖြင့် ကျေးရွာ(၃)ရွာ ထပ်မံ၍ (၂၄)နာရီ မီးပေးနိုင်ခဲ့
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ကြိုးကြာကျေးရွာအုပ်စု ကြိုးကြာကျေးရွာ၊ လျှော်တောင်ကျေးရွာ၊ ယင်းတောကျေးရွာတို့အား (၈.၁၂.၂၀၂၀) ရက်နေ့ တွင် တိုင်းဒေသကြီး Main Budget သာမန်ငွေလုံးငွေရင်း ပိုလျှံရန်ပုံငွေ GRF အစီအစဉ်ဖြင့် ထပ်မံ၍ ကျေးရွာ(၃)ရွာအား (၂၄)နာရီ ဓာတ်အားပေးနိုင်ခဲ့ပြီး အမျိုးသားလျှပ်စစ် ဓာတ်အား ရရှိရေး NEP Phase-1 အစီအစဉ်ဖြင့်လည်း ကျေးရွာ(၁၁) ရွာအား ဓာတ်အားပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ကျေးရွာမီးလင်းရေးဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး လက်ထောက်အင်ဂျင်နီယာ ဦးအောင်မျိုးသန်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတို့မှ တက်ရောက်ဖွင့်လှစ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 10-Dec-2020