The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO International Corporation မှ COVID-19 ရောဂါ ရှာဖွေစစ်ဆေးနိုင်ရေးအတွက် Test kits များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO International Corporation မှ ကမ္ဘာ့ကပ် ရောဂါ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနသို့ ကိုရီးယားနိုင်ငံထုတ် RT-PCR Test Kits and Rapid Antigen Test Kits များအား ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဆေးသုတေသနဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း သာကေတကမ်းလွန်ရေနံ အခြေစိုက်စခန်း၊ အထွေထွေ မန်နေဂျာ ဦးတင်ထွန်းနိုင်နှင့် POSCO International Corporation မှ Managing Director, Mr. Jung Hwan Lee တို့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်းထံ Test Kits များအား ပေးအပ်လှူဒါန်းခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 13-Oct-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် 9th LNG Producer-Consumer Conference တွင် ဗွီဒီယိုဖြင့် မိန့်ခွန်းပြောကြား
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သည် ဂျပန်နိုင်ငံ Ministry of Economy, Trade and Industry (METI) မှ ကြီးမှူး၍ Online မှတစ်ဆင့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ(၁၂)ရက်နေ့တွင် ကျင်းပပြုလုပ်သော 9th LNG Producer Consumer Conference တွင် Video Conferencing ဖြင့် တက်ရောက်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 12-Oct-2020
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ ဂျပန်နိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သော ဦးစိုးဟန်နှင့် မလေးရှားနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သော ဦးအောင်စိုးဝင်းတို့အား လက်ခံတွေ့ဆုံ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်အား ဂျပန်နိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သော ဦးစိုးဟန်နှင့် မလေးရှားနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်ပြီး ဖြစ်သော ဦးအောင်စိုးဝင်းတို့မှ သက်ဆိုင်ရာနိုင်ငံများသို့ သွားရောက်တာဝန်ထမ်းဆောင်ခြင်း မပြုမီ ၂၀၂၀ ပြည့်နှစ် ၊ အောက်တိုဘာလ(၈)ရက်နေ့၊ ၁၆:၀၀ နာရီအချိန်တွင် ရုံးအမှတ်(၂၇)ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 09-Oct-2020
ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာ ၁၁ ရွာ ၂၄ နာရီ လျှပ်စစ်မီး ထပ်မံရရှိ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ကျောက်ဖြူမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းက ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် တာဝန်ယူ တည်ဆောက်ခဲ့သော ကျောက်ဖြူမြို့နယ်အတွင်း လျှပ်စစ်မီး ပို့လွှတ်ပေးရန် ကျေးရွာ ၁၉ ရွာအနက်မှ ယခုအခါ ကျေးရွာ ၁၁ ရွာ လျှပ်စစ်မီး ရရှိပို့လွှတ် ပေးထားပြီး ဖြစ် ကြောင်း၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း လျှပ်စစ်အင်ဂျင်နီယာ ဦးချမ်းမြေ့အောင် ထံမှ သိရသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 09-Oct-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (လျှပ်စစ်) ဦးခင်မောင်ဝင်း သည် ကမ္ဘာ့ဘဏ်အဖွဲ့ (The World Bank) နှင့် Chinese Working Group တို့ဖြင့် Tri-party အစည်းအဝေးကျင်းပ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် ကမ္ဘာ့ဘဏ် အဖွဲ့ (The World Bank) နှင့် Chinese Working Group တို့အား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၇) ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်း အဝေးခန်းမ၌ Virtual Meeting ဖြင့် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 07-Oct-2020