The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်သည့် ဒုတိယသုံးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လျှပ်စစ်ကဏ္ဍ နှင့် ပတ်သက်သည့် ဒုတိယ သုံးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၇ ရက် နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ အမြဲတမ်းတွင်းဝန်၊ ဌာနအကြီးအကဲများနှင့်အတူ ရပ်ဝေးတွင်ရှိသည့် ရန်ကုန်နှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတို့မှ ဥက္ကဋ္ဌများ၊ အမှုဆောင်အရာရှိချုပ်များ၊ စီမံကိန်းညွှန်ကြားရေးမှူးများ၊ တည်ဆောက်ရေးညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဓာတ်အားပေးစက်ရုံမှူးများနှင့် ဓာတ်အားခွဲရုံမှူးများသည် သက်ဆိုင်ရာ ဒေသမှနေ၍ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 17-May-2020
ပြည်သူသို့ အသိပေးပန်ကြားလွှာ
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အများပြည်သူများ ဓာတ်အားသုံးစွဲနိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ မေလအတွင်းတွင် မဂ္ဂါဝပ် ၃၅၃၂ ခန့်အား ထုတ်လုပ်ပေးလျက်ရှိပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 08-May-2020
ပြည်သူသို့ အသိပေး တင်ပြချက်
၁။ Coronavirus Disease 2019 (COVID-19) ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီမှ Coronavirus Disease ရောဂါကာကွယ်ထိန်းချုပ်တားဆီးရေးအတွက် (၃၀.၄.၂၀၂၀) ရက်နေ့အထိ ထုတ်ပြန်ထားသောအမိန့်၊ အမိန့်ကြော်ငြာစာ၊ ပြည်သူသို့ ပန်ကြားချက်၊ ညွှန်ကြားချက်များအား (၁၅.၅.၂၀၂၀) ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ် ဆောင်ရွက်သွားရန် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၃) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။ သို့ဖြစ်၍ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးတိုးမြှင့်ခဲ့သည့် မေလ(၁)ရက်မှ (၁၅)ရက်အထိ ကာလအတွင်း ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများ (သံရုံးများ ၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာအဖွဲ့ အစည်းများမပါ)အတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲမှု (၇၅)ယူနစ် အထိကို ငွေကြေး ကောက်ခံမှုကင်းလွတ်ခွင့်(အခမဲ့)ကို ထပ်မံပေးသွားမည် ဖြစ်ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 06-May-2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ စတင်ဓာတ်အားဖြန့်ဖြူး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်အစိုးရ၏ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့စေရေးနှင့် လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာ ရရှိ စေရေးဆိုသည့် မူဝါဒများနှင့်အညီ နိုင်ငံတဝှမ်း လျှပ်စစ်ဓာတ်အားတိုးတက်ဖြန့်ဖြူးပေးနိုင်ရေးနှင့် နိုင်ငံတော်ဓာတ်အားစနစ်အား တည်ငြိမ်ပြည့်ဝသော ဓာတ်အားစနစ်ဖြစ်ပေါ်စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုကို ၅၀% အထိ ပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 02-May-2020
၂၀၂၀ ပြည့်နှစ်၊ အာဆီယံစွမ်းအင်ဆိုင်ရာ ဆုတံဆိပ်များပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်အဆိုပြုလွှာများ နောက်ဆုံးထားပေးပို့ရမည့်နေ့ရက် ပြောင်းလဲသတ်မှတ်ခြင်း
ယခုအခါ လတ်တလောဖြစ်ပွားလျက်ရှိသော COVID -19 ကမ္ဘာ့ကပ်ရောဂါကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ပြိုင်ပွဲဝင်အဆိုပြုလွှာများပေးပို့ရမည့် နေ့ရက်ကို ၁-၆-၂၀၂၀ ရက်သို့ ACE မှ ပြောင်းလဲသတ်မှတ်ပါသဖြင့် မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းသို့ ပြိုင်ပွဲဝင်အဆိုပြုလွှာများ နောက်ဆုံးထားပေးပို့ရမည့်နေ့ရက်ကို ၂၂-၅-၂၀၂၀ သို့ ပြောင်းလဲသတ်မှတ်ပါကြောင်း အသိပေးအပ်ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 23-Apr-2020