(၃၈) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပပြုလုပ်
(၃၈) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး နှင့်ဆက်စပ်အစည်းအဝေးများ (38th Senior Officials Meeting on Energy (SOME) and Associated Meetings) ကို ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံက အလှည့်ကျအိမ်ရှင်နိုင်ငံအဖြစ် Video Conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးအဖြစ် တာဝန်ယူထားသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသန်းဇော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂၄ ရက်နေ့၊ ၁၃:၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)မှ ပါဝင် တက်ရောက်ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 24-Aug-2020
ပြည်သူသို့အသိပေးပန်ကြားလွှာ
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် နှင့် ပြည်သူများ လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်ရေးတို့အတွက် ပြည်သူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင် များမှ အိမ်သုံးမီတာများ၊ စက်မှုသုံးမီတာများနှင့် ထရန်စဖော်မာများ လျှောက်ထားလာမှုအပေါ် စိစစ်မှုများပြုလုပ်ကာ ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် အချက်အလက်များနှင့် ကိုက်ညီမှု ရှိပါက ခွင့်ပြုမိန့်များကို ဆောလျင်စွာဆောင်ရွက်ပေးလျက်ရှိပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 21-Aug-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော POSCO International Corporation (Myanmar E & P) မှ COVID-19 ရောဂါ ရှာဖွေစစ်ဆေးနိုင်ရေးအတွက် RT-PCR machine and Diagnostic Reagents များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လှူဒါန်းလွှဲပြောင်းခြင်းနှင့် ဝန်ကြီးဌာနသို့ COVID-19 ရောဂါ ကာကွယ်ရေးအထောက်အကူပစ္စည်းများ လှူဒါန်းထားသည့် ကုမ္ပဏီများသို့ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO International Corporation (Myanmar E & P) မှ COVID-19 ရောဂါ ရှာဖွေစစ်ဆေးနိုင်ရေးအတွက် RT-PCR machine and Diagnostic Reagents များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လှူဒါန်းလွှဲပြောင်းခြင်းနှင့် ဝန်ကြီးဌာနသို့ COVID-19 ရောဂါ ကာကွယ်ရေးအထောက်အကူပစ္စည်းများ လှူဒါန်းထားသည့် ကုမ္ပဏီများသို့ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂၁ ရက်နေ့၊ ၁၄:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ COVID-19 ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 21-Aug-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (လျှပ်စစ်) ဦးခင်မောင်ဝင်းသည် POSCO International Corporation မှ Managing Director & Senior Vice President ဖြစ်သူ Mr. Sang Hoon Lee ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် POSCO International Corporation မှ Managing Director & Senior Vice President ဖြစ်သူ Mr. Sang Hoon Lee ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၁၉) ရက်နေ့၊ ၁၃:၃၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 20-Aug-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် Myanmar Chemical & Machinery Co., Ltd မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံဆွေးနွေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်)၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၊ ဥက္ကဌ ဒေါက်တာထွန်းနိုင်သည် ထားဝယ်အထူးစီးပွားရေးဇုန်တွင် စီမံကိန်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် စိတ်ပါဝင်စား သည့် Myanmar Chemical & Machinery Co., Ltd (MCM Co., Ltd) မှ ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၄၄)၊ အစည်းအဝေးခန်းမ၌ တာဝန်ရှိ သူများနှင့်အတူ လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 19-Aug-2020