လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး (စွမ်းအင်) ဒေါက်တာထွန်းနိုင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စွမ်းအင်ကဏ္ဍဆိုင်ရာ လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် သည် ရေနံမြေရဲမှူးကြီးနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်ရှိ မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၊ Mandalay Operation Center (တောမ) ၊ တောင်သာမြို့နယ်ရှိ သဘာဝဓာတ်ငွေ့ Off-Take Station နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းလက်အောက်ရှိ ပျော်ဘွယ်ပိုက်လိုင်းပြုပြင် ထိန်းသိမ်းရေးစခန်းတို့အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 30-Nov-2019
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် တပ်ကြီးကုန်းဓာတ်အားခွဲရုံ၊ ဥက္ကံမြို့ ကျွန်းတောကုန်းဓာတ်အားခွဲရုံ၊ အဖျောက်မြို့ အဖျောက်ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားများ ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် တပ်ကြီးကုန်း ဓာတ်အားခွဲရုံ၊ ဥက္ကံမြို့ ကျွန်းတောကုန်းဓာတ်အားခွဲရုံနှင့် အဖျောက်မြို့ အဖျောက် ဓာတ်အားခွဲရုံတို့၏ ဖွင့်ပွဲအခမ်းအနားများကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် အဆိုပါ ဓာတ်အားခွဲရုံများ၌ အသီးသီး ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 30-Nov-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိက ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်များနှင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၏ ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်(မန္တလေး)အား သွားရောက်ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် ဌာန ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် မန္တလေးတိုင်းဒေသကြီးအတွင်း ရေနံဓာတ်ငွေ့ရည်ကို တင်သွင်း/သိုလှောင်/ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်နေသော ပုဂ္ဂလိက ရေနံ ဓာတ်ငွေ့ရည်အရောင်းဆိုင်များနှင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင် (မန္တလေး) တို့အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 29-Nov-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် Total E & P Myanmar မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် သည် Total E & P Myanmar မှ General Manager ဖြစ်သူ Mr. Romaric Roignan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 28-Nov-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် Istech Energy EP-5 Pte.Ltd. မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် သည် Istech Energy EP-5 Pte.Ltd. မှ Director ဖြစ်သူ Mr. Nataraj Chandrasekaran နှင့် Country Manager ဖြစ်သူ Mr. P. Siva Shanmugam တို့ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့၊ ၀၉:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 28-Nov-2019