The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ (၃၇) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ထွက်ခွာ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ (၃၇) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ထွက်ခွာ


Read More...

Posted under : ဝန်ကြီးရုံး
: 03-Sep-2019
မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ဆက်စပ်ရေအား အဆောက်အဦးများ၊ ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ပျက်စီးမှုမရှိသည့်သတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၏ အနောက်မြောက်ဘက် (၁၄)မိုင်ခန့်အကွာကို ဗဟိုပြု၍ ၃၁-၈-၂၀၁၉ ရက်နေ့ ည ၉ နာရီ ၃၉ မိနစ်ခန့်က အင်အား ရစ်ချ်တာစကေး ၆.၀ အဆင့်ရှိ မြေငလျင်လှှုပ်ခတ်ခဲ့ခြင်းဖြစ်ပေါ်ခဲ့မှုအရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအုပ်ချုပ်မှု အောက်ရှိ ငလျင် ဗဟိုချက်အနီးတဝိုက်၌ရှိသော သဖန်းဆိပ်ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့် ဆက်စပ်ရေအား အဆောက်အဦးများ၊ ဆောင်ရွက်ပြီး ၂၃၀ ကေဗွီ ညောင်ပင်ကြီး ပင်မဓာတ်အားခွဲရုံနှင့် အုန်းတော ပင်မဓာတ်အားခွဲရုံ၊ ၁၃၂ ကေဗွီ ကျောက်ပုထိုးပင်မ ဓာတ်အားခွဲရုံ၊ ငှက်ပျောဒိုင်းပင်မ ဓာတ်အားခွဲရုံ နှင့် အောင်ချမ်းသာပင်မဓာတ်အားခွဲရုံ၊ ဆောင်ရွက်ပြီး ၂၃၀ ကေဗွီ အုန်းတော-ညောင်ပင်ကြီး ဓာတ်အားလိုင်း၊ ၁၃၂ ကေဗွီ ညောင်ပင်ကြီး-မုံရွာဓာတ်အားလိုင်းနှင့် သဖန်းဆိပ်-ငှက်ပျောဒိုင်း ဓာတ်အားလိုင်း၊ ဆောင်ရွက်ပြီး ၆၆ ကေဗွီ ဓာတ်အားလိုင်း ၁၅၁ မိုင်နှင့် ၃၃ ကေဗွီ ဓာတ်အားလိုင်း ၇၉၂ မိုင်၊ ဆောင်ရွက်ဆဲ ၂၃၀ ကေဗွီ နဘား-ရွှေဘို-အုန်းတောဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းများ ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာမရှိပါကြောင်း ပြည်သူများသို့ အသိပေး အကြောင်းကြား အပ်ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 03-Sep-2019
အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၁၉) ကျင်းပပြုလုပ်
အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေး (၂/၂၀၁၉) ကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန် တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 26-Aug-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် အင်းစိန် မြို့နယ်ရှိ ရွာမသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ တာမွေမြို့နယ်ရှိ ၆၆ ကေဗွီ GIS ခွဲရုံ တည်ဆောက်နေမှုအခြေအနေနှင့် ကမ်းလွန်အခြေစိုက်စခန်း (သာကေတ) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 10-Aug-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများ၏ သား/သမီးများအား မူလတန်းပညာသင် ထောက်ပံ့ကြေးပေးအပ်ခြင်း၊ ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းနှင့် ထူးချွန်ဆုရဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန ၀န်ထမ်းများ၏ သား/သမီးများအား ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် မူလတန်းပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲတွင် ဂုဏ်ထူးရကျောင်းသား/ကျောင်းသူ များအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ထူးချွန်ဆုရဝန်ထမ်းများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 09-Aug-2019