The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး (စွမ်းအင်) ဒေါက်တာထွန်းနိုင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး (စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် ဌာန ဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ကရင်ပြည်နယ်၊ မြိုင်ကလေးမြို့နှင့် မွန်ပြည်နယ်၊ သထုံမြို့နှင့် မော်လမြိုင်မြို့တို့ရှိ Gas Control Station စခန်းများနှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပိုက်လိုင်း ပြုပြင်ထိန်းသိမ်းရေးစခန်း(သွေးသောက်)တို့အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 08-Nov-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် Kyauk Phyu Electric Power Co.,Ltd တို့အကြား လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် Kyauk Phyu Electric Power Co.,Ltd တို့အကြား ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ် (PPA) လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 05-Nov-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်
  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၆) ၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 05-Nov-2019
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) ပထမအဆင့် ကျေးရွာများတွင် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ လျာထားဆောင်ရွက်ပေးမည့်ကိစ္စနှင့်ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအကြား လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
“၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းရှိ ဒေသများအားလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိစေရန်” ရည်ရွယ်၍ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စီမံကိန်းပထမအဆင့်ပါ ကျေးရွာများတွင် ၄၀၀ ဗို့ဓာတ်အားလိုင်းများ လျာထားဆောင်ရွက်မည့်ကိစ္စနှင့်ပတ်သက်သည့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 04-Nov-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိဓာတ်အားခွဲရုံများအား ကြည့်ရှုစစ်ဆေး
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများလျှပ်စစ်ဓာတ်အားကောင်းမွန်စွာ သုံးစွဲနိုင်ရေး၊ ဗို့အားစနစ်တည်ငြိမ်မှုရှိစေရေး၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်း ရေးနှင့် ဓာတ်အားစနစ်ကြံ့ခိုင်ကောင်းမွန်စေရေးတို့အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် အဆင့်မြှင့်တင် ဆောင်ရွက်နေသော ရန်ကင်းမြို့နယ်ရှိ ၆၆/၁၁-၆.၆ကေဗွီ ၆၀ အမ်ဗွီအေ ကုကိ္ကုင်း GIS ဓာတ်အားခွဲရုံနှင့် အသစ်တည်ဆောက် နေသော တာမွေမြို့နယ်ရှိ ၆၆/၁၁-၆.၆ ကေဗွီ ၆၀ အမ်ဗွီအေ တာမွေ GIS ဓာတ်အားခွဲရုံများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 01-Nov-2019