The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီး H.E. Ms. Riikka Laatu အား လက်ခံတွေ့ဆုံဆွေးနွေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီး H.E. Ms. Riikka Laatu အား ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 12-Sep-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ (၃၇)ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် စက်တင်ဘာလ (၄) ရက်နေ့မှ (၆) ရက်နေ့ အထိ ကျင်းပပြုလုပ်သည့် (၃၇) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ပြီး ရန်ကုန်မြို့သို့ ရောက်ရှိရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ခဲ့ကြပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 08-Sep-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ကျင်းပပြုလုပ်သည့် (၃၇) ကြိမ်မြောက် အာဆီယံစွမ်းအင် ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်
(၃၇) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ရောက်ရှိ နေသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးဝင်းခိုင်သည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်ဝန်ကြီး များနှင့်အတူ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာအား ဘန်ကောက်မြို့ Athenee ဟိုတယ်တွင် တွေ့ဆုံခဲ့ကြပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 05-Sep-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ (၃၇) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ထွက်ခွာ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ (၃၇) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ထွက်ခွာ


Read More...

Posted under : ဝန်ကြီးရုံး
: 03-Sep-2019
မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ဆက်စပ်ရေအား အဆောက်အဦးများ၊ ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ပျက်စီးမှုမရှိသည့်သတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၏ အနောက်မြောက်ဘက် (၁၄)မိုင်ခန့်အကွာကို ဗဟိုပြု၍ ၃၁-၈-၂၀၁၉ ရက်နေ့ ည ၉ နာရီ ၃၉ မိနစ်ခန့်က အင်အား ရစ်ချ်တာစကေး ၆.၀ အဆင့်ရှိ မြေငလျင်လှှုပ်ခတ်ခဲ့ခြင်းဖြစ်ပေါ်ခဲ့မှုအရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအုပ်ချုပ်မှု အောက်ရှိ ငလျင် ဗဟိုချက်အနီးတဝိုက်၌ရှိသော သဖန်းဆိပ်ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့် ဆက်စပ်ရေအား အဆောက်အဦးများ၊ ဆောင်ရွက်ပြီး ၂၃၀ ကေဗွီ ညောင်ပင်ကြီး ပင်မဓာတ်အားခွဲရုံနှင့် အုန်းတော ပင်မဓာတ်အားခွဲရုံ၊ ၁၃၂ ကေဗွီ ကျောက်ပုထိုးပင်မ ဓာတ်အားခွဲရုံ၊ ငှက်ပျောဒိုင်းပင်မ ဓာတ်အားခွဲရုံ နှင့် အောင်ချမ်းသာပင်မဓာတ်အားခွဲရုံ၊ ဆောင်ရွက်ပြီး ၂၃၀ ကေဗွီ အုန်းတော-ညောင်ပင်ကြီး ဓာတ်အားလိုင်း၊ ၁၃၂ ကေဗွီ ညောင်ပင်ကြီး-မုံရွာဓာတ်အားလိုင်းနှင့် သဖန်းဆိပ်-ငှက်ပျောဒိုင်း ဓာတ်အားလိုင်း၊ ဆောင်ရွက်ပြီး ၆၆ ကေဗွီ ဓာတ်အားလိုင်း ၁၅၁ မိုင်နှင့် ၃၃ ကေဗွီ ဓာတ်အားလိုင်း ၇၉၂ မိုင်၊ ဆောင်ရွက်ဆဲ ၂၃၀ ကေဗွီ နဘား-ရွှေဘို-အုန်းတောဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းများ ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာမရှိပါကြောင်း ပြည်သူများသို့ အသိပေး အကြောင်းကြား အပ်ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 03-Sep-2019