The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ရှိ ဖြူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူး တိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဖြူးမြို့၏ အနောက်တောင်ဘက် (၇)မိုင်ခန့်အကွာ ဖြူးချောင်းပေါ်တွင် တည်ဆောက်ထားသည့် ဖြူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 01-Aug-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရဲရမန်းကျေးရွာအနီး မြစ်ငယ်မြစ်ဝှမ်းပေါ်တွင် တည်ဆောက် ထားသည့် ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 19-Jul-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ရှိ ဘိုင်းဒါး ဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ဌာန ဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီ:ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ဘိုင်းဒါးဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 16-Jul-2019
၂၀၁၉ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ
  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန နေပြည်တော် ပင်မဓာတ်အားခွဲရုံအမှတ်(၂)၊ ရုံးအမှတ်(၆)၊ (၄၄)တို့နှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)ကွပ်ကဲမှုအောက်ရှိ အမှတ်(၁)တည်ဆောက်ရေး (ပေါင်းလောင်း)၊ ပေါင်းလောင်းဓာတ်အားပေးစက်ရုံ၊ နေပြည်တော်ပင်မဓာတ်အားခွဲရုံအမှတ်(၁)၊  ပျဉ်းမနားပင်မဓာတ်အားခွဲရုံနှင့် ရွှေမြို့ပင်မဓာတ်အားခွဲရုံတို့တွင် ကျွန်း၊ တမလန်း၊ ပျဉ်းကတိုး၊ ပိတောက် စသည့် ရတနာတန်းဝင်ပင်များနှင့် ကုက္ကို၊ ငုဝါ၊ မယ်ဇယ်၊ ပန်းမယ်ဇလီ၊ စိန်ပန်းပြာ၊ မယ်ဇလီ၊ တမာ၊ မန်ကျည်း၊ ကုက္ကိုလ်၊ စသည့် အရိပ်ရ လေကာပင်များအပါအဝင် ပျိုးပင်စုစုပေါင်း ၂၁၅၀ ပင်တို့အား တစ်ချိန်တည်း တစ်ပြိုင်တည်း စိုက်ပျိုးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 05-Jul-2019
အင်ဂျင်နီယာများ မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အင်ဂျင်နီယာများ မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ အချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 01-Jul-2019