လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် Kyauk Phyu Electric Power Co.,Ltd တို့အကြား လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် Kyauk Phyu Electric Power Co.,Ltd တို့အကြား ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ် (PPA) လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 05-Nov-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၆) ၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 05-Nov-2019
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) ပထမအဆင့် ကျေးရွာများတွင် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ လျာထားဆောင်ရွက်ပေးမည့်ကိစ္စနှင့်ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအကြား လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
“၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းရှိ ဒေသများအားလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိစေရန်” ရည်ရွယ်၍ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စီမံကိန်းပထမအဆင့်ပါ ကျေးရွာများတွင် ၄၀၀ ဗို့ဓာတ်အားလိုင်းများ လျာထားဆောင်ရွက်မည့်ကိစ္စနှင့်ပတ်သက်သည့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 04-Nov-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိဓာတ်အားခွဲရုံများအား ကြည့်ရှုစစ်ဆေး
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများလျှပ်စစ်ဓာတ်အားကောင်းမွန်စွာ သုံးစွဲနိုင်ရေး၊ ဗို့အားစနစ်တည်ငြိမ်မှုရှိစေရေး၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်း ရေးနှင့် ဓာတ်အားစနစ်ကြံ့ခိုင်ကောင်းမွန်စေရေးတို့အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် အဆင့်မြှင့်တင် ဆောင်ရွက်နေသော ရန်ကင်းမြို့နယ်ရှိ ၆၆/၁၁-၆.၆ကေဗွီ ၆၀ အမ်ဗွီအေ ကုကိ္ကုင်း GIS ဓာတ်အားခွဲရုံနှင့် အသစ်တည်ဆောက် နေသော တာမွေမြို့နယ်ရှိ ၆၆/၁၁-၆.၆ ကေဗွီ ၆၀ အမ်ဗွီအေ တာမွေ GIS ဓာတ်အားခွဲရုံများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 01-Nov-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ (၁၂) ကြိမ်မြောက် စင်ကာပူအပြည်ပြည်ဆိုင်ရာ စွမ်းအင်ရက်သတ္တပတ် နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူနိုင်ငံ၊ Marina Bay Sands Hotel တွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့မှ (၃၁) ရက်နေ့အထိကျင်းပသည့် (၁၂) ကြိမ်မြောက် စင်ကာပူအပြည်ပြည်ဆိုင်ရာ စွမ်းအင်ရက်သတ္တပတ်သို့ တက်ရောက်ခဲ့ပြီး ဆက်စပ်အစည်း အဝေးများဖြစ်သော Singapore Energy Summit, Singapore International Energy Agency Forum တို့၌ ကျင်းပသည့်ဆွေးနွေးပွဲများသို့လည်း တက်ရောက်ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 31-Oct-2019