The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ရှိ ဘိုင်းဒါး ဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ဌာန ဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီ:ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ဘိုင်းဒါးဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 16-Jul-2019
၂၀၁၉ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ
  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန နေပြည်တော် ပင်မဓာတ်အားခွဲရုံအမှတ်(၂)၊ ရုံးအမှတ်(၆)၊ (၄၄)တို့နှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)ကွပ်ကဲမှုအောက်ရှိ အမှတ်(၁)တည်ဆောက်ရေး (ပေါင်းလောင်း)၊ ပေါင်းလောင်းဓာတ်အားပေးစက်ရုံ၊ နေပြည်တော်ပင်မဓာတ်အားခွဲရုံအမှတ်(၁)၊  ပျဉ်းမနားပင်မဓာတ်အားခွဲရုံနှင့် ရွှေမြို့ပင်မဓာတ်အားခွဲရုံတို့တွင် ကျွန်း၊ တမလန်း၊ ပျဉ်းကတိုး၊ ပိတောက် စသည့် ရတနာတန်းဝင်ပင်များနှင့် ကုက္ကို၊ ငုဝါ၊ မယ်ဇယ်၊ ပန်းမယ်ဇလီ၊ စိန်ပန်းပြာ၊ မယ်ဇလီ၊ တမာ၊ မန်ကျည်း၊ ကုက္ကိုလ်၊ စသည့် အရိပ်ရ လေကာပင်များအပါအဝင် ပျိုးပင်စုစုပေါင်း ၂၁၅၀ ပင်တို့အား တစ်ချိန်တည်း တစ်ပြိုင်တည်း စိုက်ပျိုးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 05-Jul-2019
အင်ဂျင်နီယာများ မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အင်ဂျင်နီယာများ မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ အချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 01-Jul-2019
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မင်းဘူး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူ နှင့် ဦးအုန်းဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၈ နာရီ ၅ မိနစ်တွင် နေပြည်တော် မှ မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ရောက်ရှိကြသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 27-Jun-2019
ပြည်သူသို့ အသိပေးကြေညာခြင်း ၊ လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်ခြင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှု ရေရှည် တိုးတက်ကောင်းမွန်စေရန် တိုးချဲ့ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက်လည်းကောင်း၊ မဟာ ဓာတ်အားလိုင်းစနစ်မှ လျှပ်စစ်မရရှိသေးသော ဒေသများ လျှပ်စစ်ရရှိရန် ဆက်လက် ဆောင်ရွက် ရမည့် လုပ်ငန်းများအတွက်လည်းကောင်း၊ ဓာတ်အားထုတ်လုပ်မှုစွမ်းအား စဉ်ဆက်မပြတ် တိုးတက် အောင် ဆောင်ရွက်နိုင်ရန်လည်းကောင်း ပိုမိုကြိုးပမ်းဆောင်ရွက်နိုင်ရန် အလို့ငှာ သင့်လျော်သည့် ဓာတ်အားခနှုန်းထား ပြင်ဆင်သတ်မှတ်နိုင်ရေးကို လျှပ်စစ်မီးသုံးစွဲသူများကို ကိုယ်စားပြုသည့် နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များနှင့် အဖွဲ့အစည်းများအား တွေ့ဆုံဆွေးနွေး၍ အကြံပြုချက် များ ရယူဆောင်ရွက်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 25-Jun-2019