The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E. Ms. Tone Tinnes အား လက်ခံတွေ့ဆုံဆွေးနွေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာ နိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E. Ms. Tone Tinnes ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 13-Nov-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် မွန်ပြည်နယ်၊ သထုံမြို့ရှိ သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ(ခ)အဆင့်(သထုံ) စက်သုံးဆီသိုလှောင်ဖြန့်ဖြူးစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် မွန်ပြည်နယ်၊ သထုံမြို့၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း လက်အောက်ရှိ သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ(ခ)အဆင့်(သထုံ) စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရေး စခန်းသို့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 12-Nov-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်များအား သွားရောက်ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် ကရင်ပြည်နယ် လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးလှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ လျက် ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ရေနံဓာတ်ငွေ့ရည် (LPG)ကို တင်သွင်း/ သိုလှောင်/ ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက်နေသော ပုဂ္ဂလိကပြည်တွင်းကုမ္ပဏီများ၏ ရေနံ ဓာတ်ငွေ့ရည်အရောင်းဆိုင်များအား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 11-Nov-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်း မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံစီမံကိန်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
၂၀၂၀ ခုနှစ် နွေရာသီတွင် နိုင်ငံတော်၏ တိုးတက်သုံးစွဲလာမည့် လျှပ်စစ် ဓာတ်အား လိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ရန်အတွက် မကွေးတိုင်းဒေသကြီး၊ မကွေး ပင်မဓာတ်အား ခွဲရုံဝင်းအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ၆၆ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့ ရွှေတောင်ဓာတ်အားပေး စက်ရုံဝင်းအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ၂၈ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် သွားရောက်ကြည့်ရှု့စစ်ဆေး ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 10-Nov-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (စွမ်းအင်) ဒေါက်တာထွန်းနိုင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ(က)အဆင့် (မော်လမြိုင်)နှင့် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စက်သုံးဆီအရောင်းဆိုင်အမှတ် (၀၈၆၂) တို့အား သွားရောက်ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးလှထွန်း၊ ကရင်ပြည်နယ် လျှပ်စစ်နှင့် စက်မှု ဝန်ကြီး ဦးစိုးလှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း လက်အောက်ရှိ သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ (က) အဆင့် (မော်လမြိုင်)နှင့် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စက်သုံးဆီ အရောင်းဆိုင်အမှတ် (၀၈၆၂) တို့အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 10-Nov-2019