The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ (၆.၄.၂၀၁၉) မှ (၁၂.၄.၂၀၁၉) ထိ မီတာရရှိ၊ထုတ်ပေး၊လက်ကျန်များစာရင်း (ရုံးချုပ်)
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ (၆.၄.၂၀၁၉) မှ (၁၂.၄.၂၀၁၉) ထိ မီတာရရှိ၊ထုတ်ပေး၊လက်ကျန်များစာရင်း (ရုံးချုပ်)


Read More...

Posted under : ဝန်ကြီးရုံး
: 18-Apr-2019
နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မော်လမြိုင်-သံဖြူဇရပ် ဓာတ်အားလိုင်းနှင့် သံဖြူဇရပ် ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားနှင့် သထုံမြို့ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံဖွင့်ပွဲအခမ်းအနားတို့သို့ တက်ရောက် အမှာစကားပြောကြား
မွန်ပြည်နယ် မော်လမြိုင်မြို့၌ ရောက်ရှိနေသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ၆၆ ကေဗွီ မော်လမြိုင်-သံဖြူဇရပ် ဓာတ်အားလိုင်း ၄၀ ဒသမ ၄၈ မိုင်နှင့် ၆၆/၃၃ ကေဗွီ၊ ၂၀ အမ်ဗွီအေ သံဖြူဇရပ် ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 06-Apr-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ၊ ပဲခူးတိုင်းဒေသကြီးအတွင်း လျှပ်စစ်နှင့်စွမ်းအင်ကိစ္စရပ်များစစ်ဆေးကြည့်ရှု
        လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်နှင့်တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်တည်ဆောက် လျက်ရှိသည့် ၂၃၀ ကေဗွီ၊ ဘိုင်ဒါး ပင်မဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး ဓာတ်အားခွဲရုံ တည်ဆောက်ရေး ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ် ဆေးပါသည်။ စီမံကိန်းတာဝန်ခံမှ ဓာတ်အား ခွဲရုံတည်ဆောက်ရေး အခြေအနေများအား ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးမှ ဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းအား သတ်မှတ် ချိန်အတိုင်း ပြီးစီးရေးနှင့် လုပ်ငန်းလိုအပ်ချက်များအား မှာကြားပြီး တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 04-Apr-2019
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ စတုတ္ထအကြိမ်အစည်းအဝေး ကျင်းပပြုလုပ်
နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံခြား အကူအညီ အထောက်အပံ့နှင့် ချေးငွေများရယူခြင်းကိစ္စရပ်များအတွက် သတ်မှတ်ထား သော ကဏ္ဍများတွင် ရရှိလာသော ဖွံ့ဖြိုးမှုအကူအညီများကို ပိုမိုထိရောက်စွာ ပေါင်းစပ် ညှိနှိုင်းအသုံးပြုရန်ရည်ရွယ်၍ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Sector Coordination Groups, SCG) ၏ စတုတ္ထအကြိမ်အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 01-Apr-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ နော်ဝေ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး H.E. Mr. Dag-Inge Ulstein အား လက်ခံတွေ့ဆုံဆွေးနွေး
    လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် နော်ဝေ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး H.E. Mr. Dag-Inge Ulstein အား ၂၀၁၉ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ ၁၁:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 29-Mar-2019