၆၆ကေဗွီ ရသေ့တောင် - ဘူးသီးတောင် ဓာတ်အားလိုင်း(၃၃)မိုင်၊ ၆၆/၁၁ကေဗွီ ( ၅ ) အမ်ဗွီအေ ဘူးသီးတောင် ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်း
ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဒေသရှိ ပြည်သူများ လူမှုဘဝ တိုးတက်ရေးမှာ လိုအပ်သော လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်မှ ရရှိ သုံးစွဲ နိုင်ရေး ၆၆ကေဗွီ ပုဏ္ဏားကျွန်း - ရသေ့တောင် - ဘူးသီးတောင် - မောင်တော ဓာတ်အားလိုင်း (၆၄.၃၁)မိုင်နှင့် ၆၆ကေဗွီ ဓာတ်အားခွဲရုံများတည်ဆောက်ရေးစီမံကိန်းအား အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ
Read More...
Posted under : ဝန်ကြီးရုံး
: 15-Nov-2018
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တို့သည် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် မုတ္တမကမ်းလွန် ဒေသလုပ်ကွက် M5 နှင့် M6 တွင် တည်ရှိသော ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 11-Nov-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ သွားရောက်ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်သည် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရဲလွင်၊ ရန်ကုန်တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်ဒေါ်ယဉ်ယဉ်မြင့် နှင့် ရန်ကုန်တိုင်းဒေသကြီး၊ အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်ဝင်းတို့လိုက်ပါလျက် နိုဝင်ဘာလ (၁၀) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 10-Nov-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် VPower Holdings Limited တို့အကြား လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် VPower Holdings Limited တို့အကြား ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ် (PPA) လက်မှတ် ရေးထိုးခြင်းအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၆:၀၀ နာရီ အချိန်တွင် နေပြည်တော် Horizon Lake View Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်၊ ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့မှ ကော်မတီဝင်များ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ VPower Holdings Limited ၏ Co-Chief Executive Officer Mr. Au-Yeung Tai Hong Rorce နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 07-Nov-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်မှ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် H.E. Mr. M Shahidul Islam နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံအမတ်ကြီး H.E. Mr. Christian LECHERVY တို့အား သီးခြားစီလက်ခံတွေ့ဆုံဆွေးနွေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်သည် ဘင်းမ်စတက် အတွင်းရေးမှူးချုပ် H.E. Mr. M Shahidul Islam ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့၊ ၁၅:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 06-Nov-2018