The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၏ ၃/၂၀၁၈ ကြိမ်မြောက် အစည်းအဝေး ကျင်းပပြုလုပ်
  ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၏၃/၂၀၁၈ ကြိမ်မြောက် အစည်းအဝေးအား ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇) ၊အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။           အစည်းအဝေးသို့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ဒုတိယဥက္ကဋ္ဌ(၁)၊ တနင်္သာရီတိုင်းဒေသကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ဦးဖြိုးဝင်းထွန်း၊ဒုတိယဥက္ကဋ္ဌ(၂)၊ ဒေါက်တာမြင့်ဆန်း၊ အတွင်းရေးမှူး၊ဒေါက်တာတင်ထူးနိုင်နှင့်အဖွဲ့ဝင်များ၊ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်(Special Purpose Vehicle-SPV)မြန်မာမှ ဒါရိုက်တာများတက်ရောက်ခဲ့ကြပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 21-Aug-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ဓာတ်အားကွန်ရက်စနစ် ထိန်းချုပ်မှုဌာနနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှုလေ့လာ
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ပေကျင်းမြို့ရှိ State Grid Control Center သို့ရောက်ရှိခဲ့ရာ President ဖြစ်သူ Mr. Kou Weiနှင့်တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 21-Aug-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံခရီးစဉ်အတွင်း မြန်မာ - တရုတ် နှစ်နိုင်ငံ အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေး
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် သြဂုတ်လ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် CNPC International ကုမ္ပဏီဥက္ကဌနှင့် Petro China ကုမ္ပဏီ ဒုတိယဥက္ကဌဖြစ်သူ Mr. Wang Zhongcai နှင့် တာဝန်ရှိသူများ၊ Sino Pipeline International ကုမ္ပဏီမှ တာဝန်ရှိသူများ၊ Petro China Gas Marketing ကုမ္ပဏီမှတာဝန်ရှိသူများ၊ Chinnery Assets Limited ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့ဆွေးနွေးရာတွင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက် လျက်ရှိသော ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ အသစ်တိုးချဲ့ ဆောင်ရွက်ရန် အလားအလာနှင့် အခွင့်အလမ်းများကိုလည်းကောင်း၊ အနာဂတ်ကာလတွင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် အစီအစဉ်များကိုလည်းကောင်း ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 20-Aug-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌ ဦးကြည်မိုးနိုင်နှင့် အဖွဲ့ဝင်များသည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သောက်ရေခပ် (၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ၂၃၀ ကေဗွီ တောင်ငူပင်မဓာတ်အားခွဲရုံတို့အား ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ပြည်သူ့ လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌ ဦးကြည်မိုးနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ (၁၈) ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ သောက်ရေခပ် (၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ၂၃၀ ကေဗွီ တောင်ငူပင်မဓာတ်အားခွဲရုံတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 18-Aug-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ မြစ်ငယ်မြစ်ပေါ်ရှိ ဒီးဒုတ်ရေအားလျှပ်စစ်စီမံကိန်း ဆက်လက်အကောင်အထည်ဖော် တည်ဆောက်နိုင်ရန်အတွက် Notice to Proceed ပေးအပ်သည့်အခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်ငယ်မြစ်ပေါ်ရှိ ဒီးဒုတ်ရေအားလျှပ်စစ်စီမံကိန်း ဆက်လက်အကောင်အထည်ဖော် တည်ဆောက်နိုင်ရန်အတွက် Notice to Proceed ပေးအပ်သည့်အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့၊ ညနေ ၀၆:၀၀ နာရီအချိန်တွင် Park Royal Hotel ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 16-Aug-2018