The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


ရန်ကုန်တိုင်းဒေသကြီးအတွင်း၊ လျှပ်စစ်ဓာတ်အားတိုးတက်ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်မှုအခြေအနေများအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ကြည့်ရှုစစ်ဆေး
  ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားသုံးစွဲသူပြည်သူများ လျှပ်စစ်ဓာတ်အားတိုးတက် ကောင်းမွန်စွာသုံးစွဲနိုင်ရေး၊ ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေရေး၊ ဓာတ်အားပျောက်ဆုံးမှုလျှော့ချနိုင် ရေး တို့အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်းမှ တာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားဖြန့်ဖြူး ပေးထားမှု အခြေအနေများနှင့် သင်္ဃန်းကျွန်းမြို့နယ်အတွင်း ဆောင်ရွက်နေသော ၆.၆ ကေဗွီ ကောင်းကင် ဓာတ်အားလိုင်းအား 15 kV SAC Cable ဖြင့် ပြောင်းလဲတည်ဆောက်ခြင်းလုပ်ငန်း၊ မရမ်းကုန်း မြို့နယ်အတွင်း ၄၀၀ ဗို့ဓာတ်အားလိုင်းအား ABC Cable ဖြင့် ပြောင်းလဲ တည်ဆောက်ခြင်း လုပ်ငန်းနှင့် ဗဟန်းမြို့နယ်အတွင်း ၃၃ ကေဗွီ သူရဲကောင်းဓာတ်အားခွဲရုံအား ၆၆ ကေဗွီ ဓာတ်အား ခွဲရုံသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 11-Aug-2018
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ တတိယအကြိမ်အစည်းအဝေး ကျင်းပပြုလုပ်
  နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံခြား အကူအညီ အထောက်အပံ့နှင့် ချေးငွေများရယူခြင်းကိစ္စရပ်များအတွက် သတ်မှတ်ထား သော ကဏ္ဍများတွင်ရရှိလာသော ဖွံ့ဖြိုးမှုအကူအညီများကို ပိုမိုထိရောက်စွာ ပေါင်းစပ် ညှိနှိုင်းအသုံးပြုရန်ရည်ရွယ်၍ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Sector Coordination Groups, SCG) ၏ တတိယအကြိမ်အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 08-Aug-2018
ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ အမှတ်(၄)ဓာတ်မြေဩဇာစက်ရုံ(မြောင်းတကာ) သို့သွားရောက်ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်သည်ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်၊အမြဲတမ်းအတွင်းဝန်ဦးတင်မောင်ဦးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျှက်၂၀၁၈ခုနှစ်၊ဩဂုတ်လ၄ရက်နေ့၊နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ်(၄)ဓာတ်မြေဩဇာစက်ရုံ(မြောင်းတကာ)သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 04-Aug-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ Open Discussion Workshop အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် တက်ရောက်ခဲ့
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်/ သယ်ပို့/ ဖြန့်ဖြူးရေး လုပ်ငန်းစဉ်များ အချိတ်အဆက်မိမိနှင့် ထိရောက်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ရေး၊ ဓာတ်အားထုတ်လုပ်မှုစရိတ် လျော့ပါးသက်သာစေရေး၊ ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းစဉ် အစီအမံများ ချမှတ်ဆောင်ရွက်ရေး စသည့် ရည်ရွယ်ချက်များဖြင့် Open Discussion Workshop ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၃၁) ရက်နေ့ ၊ နံနက် (၀၉:၃၀)နာရီတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ဓာတ်အားစနစ် ဗဟိုကွပ်ကဲရေးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 01-Aug-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်ထောက်အင်ဂျင်နီယာ (စက်မှု)/(လျှပ်စစ်) များ လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ် (၁/၂၀၁၈) အခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း လက်ထောက်အင်ဂျင်နီယာ (စက်မှု)/(လျှပ်စစ်) များ လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ် (၁/၂၀၁၈) အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့၊ နံနက် (၀၈:၀၀) နာရီ အချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပေါင်းလောင်းသင်တန်းကျောင်း (နေပြည်တော်) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 30-Jul-2018