The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


မိုးရာသီ သစ်ပင်စိုက်ပွဲ ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ သစ်ပင်စိုက်ပွဲကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဗဟိုသင်တန်းကျောင်း (နေပြည်တော်) ဝန်းကျင်၊ ရုံးအမှတ် (၆)၊ (၄၄)၊ (၅၃) တို့နှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကွပ်ကဲမှုအောက် (တည်ဆောက်ရေး - ၁) ပေါင်းလောင်း၊ နေပြည်တော်ခွဲရုံ (၁) နှင့် (၂)၊ တိုင်း/ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး များနှင့်


Read More...

Posted under : ဝန်ကြီးရုံး
: 16-Jul-2018
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည့်သတင်း
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးတို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 14-Jul-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ချီဖွေငယ် ရေအားလျှပ်စစ် ကုမ္ပဏီလီမိတက်တို့အကြား လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပသည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ချီဖွေငယ် ရေအားလျှပ်စစ်ကုမ္ပဏီလီမိတက်တို့အကြား လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့၊ ညနေ ၀၆:၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ Horizon Lake View Resort Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 13-Jul-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဓာတ်အားခွဲရုံများနှင့် တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံတို့အား ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ခုနှစ်၊ ဇူလိုင်လ (၈)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း အေးသာယာမြို့ရှိ ၆၆/၃၃/၁၁ ကေဗွီ အောင်သပြေ ဓာတ်အားခွဲရုံနှင့် အောင်ပန်းမြို့ရှိ ၆၆/၃၃ ကေဗွီ ဓာတ်အားခွဲရုံများသို့ရောက်ရှိပြီး ဓာတ်အား ထိန်းချုပ်ခန်းအတွင်း ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် Switchyard အတွင်းရှိ ထရန်စဖော်မာ များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးပို့ရာတွင်


Read More...

Posted under : ဝန်ကြီးရုံး
: 08-Jul-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ကယားပြည်နယ် လွိုင်ကော်ပင်မဓာတ်အားခွဲရုံနှင့် ရှမ်းပြည်နယ်အတွင်းရှိ ဓာတ်အားခွဲရုံများအား ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ၂၀၁၈ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ၁၃၂ ကေဗွီ လွိုင်ကော်ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ဓာတ်အား ခွဲရုံမှူးမှ ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားလက်ခံဖြန့်ဖြူးပေးထားမှု အခြေအနေနှင့် ဓာတ်အားပြတ်တောက်မှု လျှော့နည်းရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေ အနေတို့အားလည်းကောင်း၊ မဟာဓာတ်အားလိုင်းမှူးမှ ဓာတ်အားလိုင်းများ ထိန်းသိမ်း ဆောင်ရွက်ထားမှုများအားလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးမှ လုပ်ငန်း များဆောင်ရွက်ရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားခွဲရုံပစ္စည်း များအား ပုံမှန်စစ်ဆေး ဆောင်ရွက်သွားရန်နှင့် စစ်ဆေးမှုမှတ်တမ်းများအား စနစ်တကျ ပြုစုထားရန်၊ ဓာတ်အားလိုင်းများ ထိန်းသိမ်းပြုပြင်ဆောင်ရွက်ရာတွင်လည်း မှတ်တမ်း များအား ပြည့်စုံစွာ စနစ်တကျပြုစုထားရှိရန် လမ်းညွှန်မှာကြားခဲ့ပြီး ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 07-Jul-2018