The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


၆၆ကေဗွီပုဏ္ဏားကျွန်း - ရသေ့တောင်ဓာတ်အားလိုင်း (၂၂.၂)မိုင်နဲ့၆၆/၁၁ကေဗွီ၊ (၅)အမ်ဗွီအေ ရသေ့တောင်ဓာတ်အားခွဲရုံမှ ရသေ့တောင်မြို့သို့ လျှပ်စစ်ဓာတ်အားစတင်ပို့လွှတ်ခြင်း
၁။ ရခိုင်ပြည်နယ်အတွင်း ဓာတ်အားစနစ်မှ ဓာတ်အားမရရှိသေးသည့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နဲ့ ပတ်ဝန်းကျင်ဒေသများမှာ အမြန်ဆုံး လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်သွားရန် လမ်းညွှန်ချက်များအရ စီမံကိန်းလုပ်ငန်းများကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၆၆ ကေဗွီ ပုဏ္ဏားကျွန်း - ရသေ့တောင် ဓာတ်အားလိုင်း(၂၂.၂)မိုင်၊ ၂၃၀ ကေဗွီ ပုဏ္ဏားကျွန်း ဓာတ်အားခွဲရုံ Switch Bay တိုးချဲ့ တည်ဆောက်ခြင်း နှင့် ၆၆/၁၁ ကေဗွီ၊ (၅) အမ်ဗွီအေ ရသေ့တောင်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများမှာ ဆောင်ရွက်ပြီးစီးပြီ ဖြစ်သဖြင့် ရသေ့တောင်မြို့အား (၂၅-၃-၂၀၁၈) ရက်နေ့ မှစတင်ကာ နိုင်ငံတော် ဓာတ်အားစနစ်ဖြင့် ဓာတ်အား ပို့လွှတ်ထားပြီးဖြစ်ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 30-Mar-2018
လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ရွှေစွမ်းအင်ကုမ္ပဏီလီမိတက်တို့အကြား ဆဋ္ဌမအကြိမ်မြောက် လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပပြုလုပ်
နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ မတ်လ ( ၂၈ ) ရက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ရွှေစွမ်းအင် ကုမ္ပဏီလီမိတက်တို့အကြား ဆဋ္ဌမအကြိမ်မြောက် လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ ၁၈:၃၀ နာရီအချိန်တွင် နေပြည်တော် Horizontal Lake View Resort Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 29-Mar-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည့်သတင်း          
နေပြည်တော်၊၂၀၁၈ခုနှစ်၊မတ်လ ( ၂၄ ) ရက်             ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်ဓာတ်အားကောင်းမွန်စွာသုံးစွဲနိုင်ရေး၊ ဗို့အားစနစ်တည်ငြိမ်မှုရှိစေရေး၊ ဓာတ်အားပျောက် ဆုံးမှုလျော့ချနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးနှင့် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများလိုက်ပါလျက်၂ ၀၁၈ခုနှစ်၊ မတ်လ (၂၄) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်အတွင်းရှိ ၆၆-ကေဗွီ တက္ကသိုလ်ဓာတ်အား ခွဲရုံ၊ ၆၆ -ကေဗွီ MRTV-3 -ဓာတ်အားခွဲရုံ၊ ကမာရွတ်မြို့နယ်လျှပ်စစ်မန်နေဂျာရုံး၊ ၆၆-ကေဗွီ ဦးဝိစာရ (GIS) ဓာတ်အားခွဲရုံနှင့် ပစ္စည်းစီမံရေးဌာန၊ ပစ္စည်းသိုလှောင်ရုံတို့အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 24-Mar-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ သာကေတ ၁၀၆ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း
   သာကေတ ၁၀၆ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေး စက်ရုံဖွင့်ပွဲ အခမ်းအနား ကို ၂၀၁၈ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွင်း ရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။               အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီးဦးဝင်းခိုင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌဦးနိုင်လင်းမြင့်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီး Mr. Hong Liang ၊ UREC(Union Resources & Engineering Co.,Ltd.) နှင့် U-Energy Thaketa Power Company (China) မှ တာဝန်ရှိသူများနှင့်ဖိတ်ကြားထား သည့် ဧည့်သည်တော်များ တက်ရောက်ကြပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 17-Mar-2018
MOGE Geological Forum 2018 ကျင်းပပြုလုပ်သည့် သတင်း 
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကြီးမှူးပြီး ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များ၌ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေထုတ်လုပ်ရေးလုပ်ငန်းများ ကို အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော Total E & P , PETRONAS , PTTEP ကုမ္ပဏီ များနှင့်ပူးပေါင်း၍ MOGE Geological Forum 2018 အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် မင်္ဂလာသီရိ ဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။               အဆိုပါ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ဌာနဆိုင်ရာ အကြီးအကဲများ ၊ ပြည်တွင်းပြည်ပမှ ရေနံဘူမိဗေဒဆိုင်ရာပညာရှင်များ၊ ရေနံအင်ဂျင်နီယာများ၊ ဆက်စပ်ကဏ္ဍများမှ ပညာရှင်များ၊ ပြည်ပရေနံ ကုမ္ပဏီများမှ ပုဂ္ဂိုလ်များနှင့် တက္ကသိုလ်/ ကောလိပ်များမှ ပညာရှင်များ ဖိတ်ကြား ထားသူများ တက်ရောက်ကြပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 15-Mar-2018