လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ဂရိတ်ဟော်ခမ်းအများပိုင်ကုမ္ပဏီလီမိတက်တို့အကြား လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပသည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ဂရိတ်ဟော်ခမ်းအများပိုင် ကုမ္ပဏီလီမိတက် တို့အကြား လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့ ညနေ(၀၆:၃၀)နာရီအချိန်တွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 05-Jul-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယားနိုင်ငံ သံအမတ်ကြီး H.E. Dr. Eva Hager နှင့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ ဆွေးနွေးသည့် သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယားနိုင်ငံ သံအမတ်ကြီး H.E. Dr. Eva Hager နှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ (၁၄:၀၀) နာရီတွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 03-Jul-2018
ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် မကွေးတိုင်းဒေသကြီးအတွင်းရှိ သာကြီးတောင်/စပယ်ရေနံမြေ ၊ ကျွန်းချောင်းဓာတ်အားပေးစက်ရုံနှင့် ဓာတ်မြေဩဇာစက်ရုံတို့အား ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်သယံဇာတ ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ် ၊ ဇူလိုင်လ(၁)ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူမြို့နယ်ရှိ မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ၊ သာကြီးတောင်/စပယ်ရေနံမြေသို့ ရောက်ရှိရာ ရေနံမြေ ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက သာကြီးတောင်/စပယ်ရေနံမြေ၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ ရေနံစိမ်းနှင့်သဘာဝဓာတ်ငွေ့အထွက်တိုးရေး အတွက်ဆောင်ရွက်နေမှု၊ ရေနံရှာဖွေရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လူမှုရေးတာဝန်သိမှု (CSR)လုပ်ငန်းများဆောင်ရွက်ပေးခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့်
Read More...
Posted under : ဝန်ကြီးရုံး
: 01-Jul-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများ၏ သား/သမီးများအား ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းနှင့် ထူးချွန်ဆုရဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန ၀န်ထမ်းများ၏ သား/သမီးများအား ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲတွင် အောင်မြင်သူများ၊ ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ထူးချွန်ဆုရဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 29-Jun-2018
၂၃၀ကေဗွီကျိုက်လတ်ဓာတ်အားခွဲရုံမှ ဓာတ်အားစတင်ဖြန့်ဖြူး
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ် ဓာတ်အား ပိုမိုဖြန့်ဖြူးပေး နိုင်ရေးအတွက် ၂၃၀ကေဗွီ လှိုင်သာယာ-ကျိုက်လတ်ဓာတ်အားလိုင်း (၅၂.၂၆) မိုင်၊ ၂၃၀/၆၆/၁၁ကေဗွီ၊ (၁၀၀) အမ်ဗွီအေနှင့် ၆၆/၃၃ကေဗွီ၊ (၃၀) အမ်ဗွီအေ ကျိုက်လတ်ဓာတ်အား ခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၄ ခုနှစ်မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး (၂၈-၆-၂၀၁၈) ရက်နေ့တွင် လှိုင်သာယာ-ကျိုက်လတ်ဓာတ်အား လိုင်းမှတဆင့် ကျိုက်လတ်ဓာတ်အားခွဲရုံသို့ ဓာတ်အားပို့လွှတ်ပြီး ကျိုက်လတ်ဓာတ်အားခွဲရုံ၏ ၂၃၀/၆၆/ ၁၁ကေဗွီ၊ (၁၀၀) အမ်ဗွီအေ ထရန်စဖော်မာအား ဓာတ်အားစတင်ပို့လွှတ်ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 29-Jun-2018