The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


၂၃၀ကေဗွီကျိုက်လတ်ဓာတ်အားခွဲရုံမှ ဓာတ်အားစတင်ဖြန့်ဖြူး
၁။      လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ် ဓာတ်အား ပိုမိုဖြန့်ဖြူးပေး နိုင်ရေးအတွက် ၂၃၀ကေဗွီ လှိုင်သာယာ-ကျိုက်လတ်ဓာတ်အားလိုင်း (၅၂.၂၆) မိုင်၊ ၂၃၀/၆၆/၁၁ကေဗွီ၊ (၁၀၀) အမ်ဗွီအေနှင့် ၆၆/၃၃ကေဗွီ၊ (၃၀) အမ်ဗွီအေ ကျိုက်လတ်ဓာတ်အား ခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၄ ခုနှစ်မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး (၂၈-၆-၂၀၁၈) ရက်နေ့တွင် လှိုင်သာယာ-ကျိုက်လတ်ဓာတ်အား လိုင်းမှတဆင့် ကျိုက်လတ်ဓာတ်အားခွဲရုံသို့ ဓာတ်အားပို့လွှတ်ပြီး ကျိုက်လတ်ဓာတ်အားခွဲရုံ၏ ၂၃၀/၆၆/ ၁၁ကေဗွီ၊ (၁၀၀) အမ်ဗွီအေ ထရန်စဖော်မာအား ဓာတ်အားစတင်ပို့လွှတ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 29-Jun-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နှင့် အလုံမြို့နယ်များရှိ ဓာတ်အားခွဲရုံများအား ကြည့်ရှုစစ်ဆေးသည့် သတင်း
ပြည်သူများ လျှပ်စစ်ဓာတ်အားတည်ငြိမ်ပြည့်ဝစွာ ရရှိစေရေးနှင့် ဓာတ်အားစနစ် ကြံ့ခိုင် ကောင်းမွန်စေရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနနှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်းမှ တာဝန်ရှိသူများ လိုက်ပါလျက် ၂၃.၆.၂၀၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လှိုင်သာယာမြို့နယ်နှင့် အလုံမြို့နယ်တို့ရှိ ဓာတ်အားခွဲရုံများသို့ ရောက်ရှိစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 24-Jun-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အင်ဂျင်နီယာများမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၁၈) ဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခြင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ အင်ဂျင်နီယာများ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၈) ဆင်းပွဲအခမ်းအနားကို ၂၀၁၈ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ လျှပ်စစ်နှင့််စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်၊ ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းများမှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 22-Jun-2018
ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်သည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းတွင် အသုံးပြုမည့် ပစ္စည်းများဝယ်ယူခြင်းစာချုပ်နှင့် အကြံပေးဝန်ဆောင်မှုစာချုပ်များ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကျင်းပပြုလုပ်
ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်သည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း တွင် အသုံးပြုမည့် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သောကုမ္ပဏီများနှင့် ပစ္စည်း ဝယ်ယူရေးစာချုပ်၊ အကြံပေးဝန်ဆောင်မှုစာချုပ်များ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ ၁၄:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 06-Jun-2018
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မွန်ပြည်နယ်အတွင်း လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ လုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည့်သတင်း
   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ် ၊ ဇွန်လ ၃  ရက်နေ့၊ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စွပ္ပနူးကျေးရွာအနီးမှ ဝေါမြို့ နယ်၊ ရှမ်းကိုင်းကျေးရွာအနီးသို့ တူးဖောက်ဆောင်ရွက်လျက်ရှိသည့် စစ်တောင်းမြစ်ဖြတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတူးဖောက်ဆက်သွယ်ခြင်း လုပ်ငန်းစီမံကိန်းသို့ ရောက်ရှိရာ စီမံကိန်းမှ တာဝန်ရှိသူများက Horizontal Directional Drilling (HDD) နည်းဖြင့် စစ်တောင်းမြစ်ဖြတ် အရှည် ၅၉၀၀ ပေ၊ သဘာဝဓာတ်ငွေ့ (၂၀) လက်မ ပိုက်လိုင်း တူးဖောက်ဆက်သွယ်သည့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးပြီး လုပ်ငန်း လိုအပ်ချက်များ မှာကြား၍ စီမံကိန်းလုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။             


Read More...

Posted under : ဝန်ကြီးရုံး
: 03-Jun-2018