The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်သူ့လွှတ်တော်ကဏ္ဍ


(င)-မင်းဘူး(စကု)မြို့နယ်၊ မန်းရေနံမြေမှ ကုန်တင်ကုန်ချအလုပ်သမားများ လုပ်အားခ ပြည့်ဝစွာ ပေးနိုင်ရေး မည်ကဲ့သို့ စီစဉ်ဆောင်ရွက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်တွင် မန်းရေနံမြေနှင့် ထောက်ရှာပင်ရေနံမြေဟူ၍ ရှိပါကြောင်း၊ ရေနံမြေမှကုန်တင်ကုန်ချ အလုပ်သမားများသည် လုပ်အားခ ပြည့်ဝစွာမရရှိသဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု မိမိတို့အား အကြောင်းကြားသဖြင့် ၁၃-၇-၂၀၁၈ ရက်နေ့တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ အလုပ်သမားများနှင့် သွားရောက်တွေ့ဆုံပြီး မည်သို့သော အခက်အခဲများရှိသည်ကို စုံစမ်းမေးမြန်းခဲ့ပါကြောင်း၊ အလုပ်သမားများသည် တစ်နေ့လုပ်မှ တစ်နေ့စားရပြီး ယခင်က တစ်နေ့လုပ်အားခ ၂၅၀၀ နှုန်းသတ်မှတ်သော်လည်း ၂၂၀၀ နှုန်း၊ တစ်နေ့လုပ်အားခ ၃၆၀၀ နှုန်းသတ်မှတ်သော်လည်း ၃၄၀၀ နှုန်း၊ တစ်နေ့လုပ်အားခ ၄၈၀၀ သတ်မှတ်သည့်အခါ ခေတ်ကာလနှင့် လျော်ညီသည့် လုပ်အားခရရန် တိုးတောင်းသည့်အခါ ၂၀၁၈ ခုနှစ် မတ်လမှစပြီး ၂၁၀၀ ခန့်သာပေးခဲ့ပါကြောင်း၊ ၄၈၀၀ နှုန်း တိုးမပေးနိုင်သေးသော်လည်း ၃၄၀၀ နှုန်းနှင့် ရှင်းပေးလျှင် ၎င်းတို့ စားဝတ်နေရေးအတွက် အဆင်ပြေသည်ဟု ပြောပါကြောင်း၊ ထို့ကြောင့် အလုပ်သမားများနှင့် တွေ့ဆုံပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမားဝန်ကြီးနှင့် သွားရောက်တွေ့ဆုံသော်လည်း သေချာရေရာသည့် အဖြေကိုမရရှိခဲ့သည့် အတွက်ကြောင့် မေးမြန်းခြင်း ဖြစ်ပါကြောင်း၊


Read More...

: 27-Feb-2019
ဦးတင်နု(မာန်အောင်မဲဆန္ဒနယ်) မာန်အောင်မြို့နယ်မြို့ပေါ် (၅) ရပ်ကွက်နှင့် လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းထားပြီးသော ကျေးရွာ အုပ်စု (၁၂) အုပ်စုရှိ ကျေးရွာ( ၅၇) ရွာအား လျှပ်စစ်မီးရရှိရေးအတွက် မည်ကဲ့သို့စီစဉ်ဆောင်ရွက် နေသည်ကို သိလိုခြင်းနှင့် တစ်မြို့နယ်လုံးရှိ ကျေးရွာများအား ၂၀၁၈-၂၀၁၉ ခုနှစ်များအတွင်း မီးပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်ထဲမှ မိမိတို့မာန်အောင်မြို့နယ်သည် ဝေးလံ ခေါင်သီ ဒေသရှားပါးစရိတ် ခံစားခွင့်ပြုထားသည့် မြို့နယ်တစ်ခုဖြစ်သဖြင့် ပိုမိုဆင်းရဲပါကြောင်း၊ မြို့ပေါ်ရပ်ကွက်ငါးခုနှင့် ကျေးရွာအုပ်စု ၃၆ အုပ်စုရှိပြီး ကျေးရွာပေါင်း ၁၃၇ ရွာရှိသည့် မြို့နယ်တစ်ခုဖြစ်သည့်အပြင် လူဦးရေအားဖြင့် ၆၅၀၀ ကျော် နေထိုင်လျက်ရှိသည့် မြို့နယ်တစ်ခုလည်း ဖြစ်ပါကြောင်း၊ ယခုမာန်အောင်တွင် မြို့ပေါ် (၅) ရပ်ကွက်နှင့် မြို့အနီးရှိ ကုန်းတန်းရွာ တစ်ရွာ၏တစ်ဝက်ခန့်သာ တစ်ရက်လျှင်မီးခြောက်နာရီ ရရှိပါကြောင်း၊ ညနေ ၆ နာရီ ၁၅ မိနစ်မှ ညနေ ၁၀ နာရီ ၁၅ မိနစ်အထိ လေးနာရီနှင့် နံနက် ၄ နာရီ ၁၅ မိနစ်မှ နံနက် ၆ နာရီ ၁၅ မိနစ်အထိနှစ်နာရီ လျှပ်စစ်မီးရရှိကြပြီး လျှပ်စစ်မီးတိုင်စိုက်ထားသည့် ကျေးရွာ ၅၇ ရွာသည် မီးတိုင်စိုက်ထားသည်မှာ နှစ်နှစ်ကျော်ရှိခဲ့သော်လည်း ယနေ့အထိ လျှပ်စစ်မီး မရရှိသေးပါကြောင်း၊


Read More...

: 27-Feb-2019
ကန်ပေါက်ဒေသ၊ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ကုမ္ပဏီများနှင့် စာချုပ်လက်မှတ်ရေးထိုးနိုင်သည့် အဆင့်သို့ရောက်ရှိအောင် တင်ဒါစတင်ခေါ် ယူသည်မှစတင်၍ မည်သို့သောအဆင့်များကို ပွင့်လင်းမြင်သာစွာနှင့် ဆောင်ရွက်ခဲ့သည်နှင့် စပ်လျဉ်းသည့်မေးခွန်း
ကန်ပေါက်ဒေသတွင် ဆောင်ရွက်မည့်စီမံကိန်းကို Total Gas & Power Business Service S.A.S နှင့် SIEMENS A.G နှင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဆောင်ရွက်မည့်စီမံကိန်းကို Zhefu Holding Co.Ltd နှင့် Supreme Trading Co.Ltd နှင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဆောင်ရွက်မည့်စီမံကိန်းကို TTCL Public Company Limited နှင့်လည်းကောင်း၊ ရခိုင်ပြည်နယ် ကျောက်ဖြူတွင် ဆောင်ရွက်မည့်စီမံကိန်းကို Sinohydro Coporation Limited နှင့် Supreme Trading Co.Ltd နှင့်လည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြောင်း လေ့လာသိရှိရပါသဖြင့်


Read More...

: 06-Feb-2019
ကျောက်တော်မြို့နယ်ရှိ ပိန္နဲချောင်း-ကြောင်စွယ်ဖြူကမ်းခြေအား လျှပ်စစ်မီးသွယ်တန်းပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
၆၆ ကေဗွီ ကျောက်တော်ဓာတ်အားခွဲရုံမှ ပိန္နဲချောင်းကျေးရွာပတ်ဝန်းကျင်တွင်ရှိသည့် မီးလင်းရန် ကျန်ရှိ နေသည့် ကျေးရွာ ၁၀ ရွာအနက် ဝက်မှိုင်းကျေးရွာ၊ ကျောက်တန်းကျေးရွာ၊ သဝင်ကိုင်း ကျေးရွာများကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်၊ စစ်အောင်ကျေးရွာ၊ ရွှေလှိုင်ကျေးရွာ၊ သာဒါဆိပ်ကျေးရွာ တို့ကို ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် နှင့် ဗျာလာကျေးရွာ၊ ဆင်အိုးချိုင် (ရွာသစ်) ကျေးရွာ၊ ပလောင် ကျေးရွာ တို့ကို ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ် များတွင်လည်းကောင်း ဘဏ္ဍာငွေထည်‌့သွင်းလျာထားပြီး ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိပါကြောင်း၊


Read More...

: 06-Feb-2019
မင်းဘူး(စကု)မြို့နယ်၊ မန်းရေနံမြေမှ ကုန်တင်ကုန်ချအလုပ်သမားများ လုပ်အားခပြည့်ဝစွာ ပေးနိုင်ရေး မည်ကဲ့သို့ စီစဉ်ဆောင်ရွက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မင်းဘူး(စကု)မြို့နယ်တွင် မန်းရေနံမြေနှင့် ထောက်ရှာပင်ရေနံမြေဆိုပြီး ရေနံမြေနှစ်ခုရှိပါကြောင်း၊ ၎င်းရေနံမြေများတွင် အလုပ်လုပ်နေကြသည့် ရေနံမြေအလုပ်သမားများနှင့် တွေ့ဆုံသည့်အခါ ဥပဒေနှင့်အညီ ရခွင့်ရှိသည့်အခွင့်အရေးများ အပြည့်အဝမရရှိကြောင်းကို ကြားသိခဲ့ရပါသည်။ ရေနံမြေအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော အလုပ်သမားများသည် တစ်နေ့အလုပ်ချိန် ရှစ်နာရီထက်ပိုမိုပြီး တာဝန်ထမ်းဆောင်နေရခြင်းများ ဆောင်ရွက်နေရသော်လည်း အချိန်ပိုကြေး မရခြင်း၊


Read More...

: 06-Feb-2019