The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ကိစ္စရပ်များနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ပြည်နယ်/ခရိုင်/ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများနှင့် တွေ့ဆုံခြင်း၊ စစ်တွေလေဆိပ်ရှိ လေယာဉ်ဆီဖြန့်ဖြူးရေး ဌာနခွဲနှင့် စစ်တွေ ၆၆/၁၁ ကေဗွီ ၊ ၂၀ အမ်ဗွီအေ ဓာတ်အားခွဲရုံအား ကြည့်ရှုစစ်ဆေးသည့် သတင်း
နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ ( ၂ ) ရက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ရောက်ရှိပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများအားတွေ့ဆုံ၍ ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက် သွားရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 02-Apr-2018
၆၆ ကေဗွီ ပုဏ္ဏားကျွန်း - ရသေ့တောင်ဓာတ်အားလိုင်း ၂၂.၂ မိုင်၊ ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ရသေ့တောင် ဓာတ်အားခွဲရုံ နှင့် ရသေ့တောင်မြို့အား ဓာတ်အား စတင် ဖြန့်ဖြူးခြင်း အခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း
နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ ( ၁ ) ရက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း - ရသေ့တောင်ဓာတ်အားလိုင်း ၂၂.၂ မိုင်၊ ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ရသေ့တောင် ဓာတ်အားခွဲရုံဖွင့်ပွဲနှင့် ရသေ့တောင်မြို့အား နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အား စတင်ဖြန့်ဖြူးခြင်း အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ ဓာတ်အားခွဲရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 01-Apr-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်နှင့် မြောက်ဦးခရိုင်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသည့် ဓာတ်အားခွဲရုံများအား စစ်ဆေးသည့် သတင်း
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်နှင့် မြောက်ဦးခရိုင်အတွင်းရှိ ပြည်သူများ လျှပ်စစ်ဓာတ်အား ကောင်းမွန်စွာသုံးစွဲနိုင်ရေး၊ ဗို့အားစနစ်တည်ငြိမ်မှုရှိစေရေး၊ ဓာတ်အားပျောက်ဆုံးမှုလျော့ချနိုင်ရေး အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေး ဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မှ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့ မွန်းလွဲပိုင်းတွင် ပုဏ္ဍားကျွန်းမြို့ရှိ ၂၃၀/၆၆/၁၁ ကေဗွီ ၊ ၁၀၀ အမ်ဗွီအေ ပုဏ္ဍားကျွန်း ပင်မဓာတ်အားခွဲရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 31-Mar-2018
၆၆ကေဗွီပုဏ္ဏားကျွန်း - ရသေ့တောင်ဓာတ်အားလိုင်း (၂၂.၂)မိုင်နဲ့၆၆/၁၁ကေဗွီ၊ (၅)အမ်ဗွီအေ ရသေ့တောင်ဓာတ်အားခွဲရုံမှ ရသေ့တောင်မြို့သို့ လျှပ်စစ်ဓာတ်အားစတင်ပို့လွှတ်ခြင်း
၁။ ရခိုင်ပြည်နယ်အတွင်း ဓာတ်အားစနစ်မှ ဓာတ်အားမရရှိသေးသည့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နဲ့ ပတ်ဝန်းကျင်ဒေသများမှာ အမြန်ဆုံး လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်သွားရန် လမ်းညွှန်ချက်များအရ စီမံကိန်းလုပ်ငန်းများကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၆၆ ကေဗွီ ပုဏ္ဏားကျွန်း - ရသေ့တောင် ဓာတ်အားလိုင်း(၂၂.၂)မိုင်၊ ၂၃၀ ကေဗွီ ပုဏ္ဏားကျွန်း ဓာတ်အားခွဲရုံ Switch Bay တိုးချဲ့ တည်ဆောက်ခြင်း နှင့် ၆၆/၁၁ ကေဗွီ၊ (၅) အမ်ဗွီအေ ရသေ့တောင်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများမှာ ဆောင်ရွက်ပြီးစီးပြီ ဖြစ်သဖြင့် ရသေ့တောင်မြို့အား (၂၅-၃-၂၀၁၈) ရက်နေ့ မှစတင်ကာ နိုင်ငံတော် ဓာတ်အားစနစ်ဖြင့် ဓာတ်အား ပို့လွှတ်ထားပြီးဖြစ်ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 30-Mar-2018
လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ရွှေစွမ်းအင်ကုမ္ပဏီလီမိတက်တို့အကြား ဆဋ္ဌမအကြိမ်မြောက် လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပပြုလုပ်
နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ မတ်လ ( ၂၈ ) ရက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ရွှေစွမ်းအင် ကုမ္ပဏီလီမိတက်တို့အကြား ဆဋ္ဌမအကြိမ်မြောက် လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ ၁၈:၃၀ နာရီအချိန်တွင် နေပြည်တော် Horizontal Lake View Resort Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 29-Mar-2018