MOGE Geological Forum 2018 ကျင်းပပြုလုပ်သည့် သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကြီးမှူးပြီး ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များ၌ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေထုတ်လုပ်ရေးလုပ်ငန်းများ ကို အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော Total E & P , PETRONAS , PTTEP ကုမ္ပဏီ များနှင့်ပူးပေါင်း၍ MOGE Geological Forum 2018 အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် မင်္ဂလာသီရိ ဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ဌာနဆိုင်ရာ အကြီးအကဲများ ၊ ပြည်တွင်းပြည်ပမှ ရေနံဘူမိဗေဒဆိုင်ရာပညာရှင်များ၊ ရေနံအင်ဂျင်နီယာများ၊ ဆက်စပ်ကဏ္ဍများမှ ပညာရှင်များ၊ ပြည်ပရေနံ ကုမ္ပဏီများမှ ပုဂ္ဂိုလ်များနှင့် တက္ကသိုလ်/ ကောလိပ်များမှ ပညာရှင်များ ဖိတ်ကြား ထားသူများ တက်ရောက်ကြပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 15-Mar-2018
သတင်းထုတ်ပြန်ချက် ၂၀၁၈ ခုနှစ်၊ မတ်လ ၁၄ ရက်
အခမ်းအနား၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်ဆဲ/ဆောင်ရွက်မည့်အစီအမံများ အပါအဝင် LNG ( Liquefied Natural Gas ) မှ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၄ ခုကို NTP ဆောင်ရွက် ခဲ့သည့်အခြေအနေ၊ မဟာဓာတ်အားလိုင်းများ တည်ဆောက်နေသည့်အခြေအေန၊ အိမ်သုံးမီတာများ နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေ၊ မီတာခနှုန်းထား ပြင်ဆင်ခြင်းနှင့်ပတ်သက်၍ အခြေခံကျသည့်အချက်များအား စဉ်စားတွက်ချက်မှုအခြေအနေ၊ မီတာများ နှင့်ပတ်သက်၍ Test Lab ဌာနများ၏ ဆောင်ရွက်ပုံအဆင့်ဆင့်၊ ကမ်းလွန်လုပ်ကွက် A-6 နှင့် AD-7 တို့မှ သဘာဝဓာတ်ငွေ့ထုတ်ယူနိုင်မည့်အခြေအနေ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုမိုထုတ်လုပ်နိုင်ရေး ဆောင်ရွက်ထားမှုအခြေအနေ
Read More...
Posted under : ဝန်ကြီးရုံး
: 14-Mar-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Sang-hwa အား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးကိစ္စရပ်များအတွက် သီးခြားစီ ဆွေးနွေးခဲ့သည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Sang-hwa နှင့် ကိုယ်စားလှယ်အဖွဲ့အား ၁၃-၃-၂၀၁၈ ရက်၊ အင်္ဂါနေ့၊ (၁၀ : ၀၀)နာရီအချိန်တွင် ရုံးအမှတ်(၂၇)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 13-Mar-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ၅၀၀ ကေဗွီ ဘုရားကြီး ဓာတ်အားခွဲရုံ တည်ဆောက်မည့် မြေနေရာ၊ ဇောင်းတူရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် ကမာနတ်ဓာတ်အားခွဲရုံများအား ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် နှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် - ၄၀ အနီးရှိ ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံ တည်ဆောက်မည့်မြေနေရာသို့ ရောက်ရှိရာ တာဝန်ရှိသူများမှ ဓာတ်အားခွဲရုံမြေနေရာရရှိရေး ဆောင်ရွက်ထားမှုအခြေအနေနှင့် ဓာတ်အားခွဲရုံတည်ဆောက်မည့်အခြေအနေတို့အား ရှင်းလင်း တင်ပြမှုအပေါ် ဒုတိယဝန်ကြီးမှ ဖြည့်စွက်တင်ပြပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်ချက်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 10-Mar-2018
မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် ၃ နိုင်ငံအကြား လျှပ်စစ်ဓာတ်အားကုန်သွယ်ရေးအတွက် ဝန်ကြီးအဆင့် အစည်းအဝေးကျင်းပပြုလုပ်သည့်သတင်း
မြန်မာ - တရုတ် - ဘင်္ဂလားဒေ့ရှ် ၃ နိုင်ငံအကြား လျှပ်စစ်ဓာတ်အားကုန်သွယ်ရေးအတွက် ၂၀၁၈ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် မတ်လ ၉ ရက်နေ့ ဝန်ကြီးအဆင့် အစည်းအဝေးတို့ကို နေပြည်တော် Horizon Lake View Hotel ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားစွမ်းအင်အုပ်ချုပ်ရေးအဖွဲ့ (National Energy Administration - NEA) ၏ Vice Administrator ဖြစ်သူ H.E. Mr. Li Fanrong၊ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ လျှပ်စစ်စွမ်းအင်နှင့် သတ္တုအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး H.E. Dr. Tawfiq-e-ElahiChowdhury BB နှင့် စွမ်းအင်ဆိုင်ရာအဆင့်မြင့် အရာရှိကြီး များ တက်ရောက်ခဲ့ကြပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 09-Mar-2018