The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် Latitude Capital Company မှကြီးမှူးကျင်းပသည့် Electric Utility Leadership Seminar တွင်အဖွင့်အမှာစကားပြောကြားသည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏အစီအစဉ်ဖြင့် အမေရိကန်နိုင်ငံအခြေစိုက် Latitude Capital Company မှကြီးမှူးကျင်းပပြုလုပ်သည့် Electric Utility Leadership Seminar အခမ်းအနားအား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ Hilton Hotel ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 27-Apr-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့တွင် ကျင်းပလျက်ရှိသော Berlin Energy Transition Dialogue 2018 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
နေပြည်တော်၊ ဧပြီလ ၁၇ ရက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်း၌ ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့တွင် ကျင်းပလျက်ရှိသော Berlin Energy Transition Dialogue 2018 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 17-Apr-2018
ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် (၁၅-၄-၂၀၁၈) ရက်နေမှ (၂၀-၄-၂၀၁၈) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် BERLIN ENERGY TRANSITION DIALOUGE 2018 ဖိုရမ်သို့ တက်ရောက်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဂျာမနီနိုင်ငံသို့ ထွက်ခွာသွားသည့် သတင်း
ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ၂၀၁၈ ခုနှစ် ဧပြီလ (၁၅) ရက်နေ့မှ (၂၀)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် BERLIN ENERGY TRANSITION DIALOUGE 2018 ဖိုရမ်သို့ တက်ရောက်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦး၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက် တို့ အဖွဲ့ဝင်များအဖြစ် လိုက်ပါသော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဧပြီလ(၁၅)ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ဂျာမနီနိုင်ငံသို့ ထွက်ခွာ သွားရာ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 15-Apr-2018
ရန်ကုန်တိုင်းဒေသကြီးအတွင်း အင်းစိန်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေမှုအခြေအနေအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် စစ်ဆေးသည့်သတင်း
ရန်ကုန်တိုင်းဒေသကြီးအတွင်း အင်းစိန်မြို့နယ်တွင် ပြည်သူများ လျှပ်စစ်ဓာတ်အားကောင်း မွန်စွာ သုံးစွဲနိုင်ရေး၊ ဗို့အားကျဆင်းမှုမရှိစေရေးနှင့် ဓာတ်အားပျောက်ဆုံးမှုလျော့ချနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် ဥက္ကဌ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်လှလှစိုး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် များအပါအဝင် တာဝန်ရှိသူများလိုက်ပါလျက် ၉-၄-၂၀၁၈ ရက်နေ့တွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ် အတွင်းရှိ မြောက်ပိုင်းခရိုင်ရုံးခွဲရုံသို့ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 09-Apr-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ပင်မရေနံသိုလှောင်ဖြန့်ဖြူးရေး ဌာနကြီး (က)အဆင့် ဓနိတောတွင် ကြည့်ရှုစစ်ဆေးခြင်းနှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေသော ပုဂ္ဂလိက လုပ်ငန်းရှင်အဖွဲ့များနှင့် တွေ့ဆုံသည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီးဒေါက်တာ ထွန်းနိုင် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ခုနှစ်၊ ဧပြီလ (၇) ရက်နေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်ရှိ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၊ ပင်မရေနံသိုလှောင် ဖြန့်ဖြူးရေးဌာနကြီး(က) အဆင့်ဓနိတောသို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ ဦးသန့်စင်မှ တိုင်းဒေသကြီး/ပြည်နယ် ရေနံနှင့် ရေနံထွက် ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်သိမ်းကြီးကြပ်ရေးဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်မှုအခြေအနေ၊ စက်သုံး ဆီအရောင်းဆိုင်များ လိုင်စင်စိစစ်ခွင့်ပြုမှုအခြေအနေနှင့် စက်သုံးဆီအရည်အသွေးပိုင်း စစ်ဆေးမှုအခြေအနေ များကိုလည်းကောင်း၊ ပင်မရေနံသိုလှောင်ဖြန့်ဖြူးရေးဌာနကြီး(က) အဆင့်ဓနိတော အထွေထွေမန်နေဂျာမှ စက်သုံးဆီသိုလှောင်ကန်များ တည်ဆောက်ထားမှုအခြေအနေ၊ လက်ရှိစက်သုံးဆီ သိုလှောင်ဖြန့်ဖြူးမှုအခြေ အနေ၊ လုံခြုံရေး၊ မီးဘေးကာကွယ်ရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားမှုအခြေအနေ၊


Read More...

Posted under : ဝန်ကြီးရုံး
: 07-Apr-2018