The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ လှော်ကားဓာတ်အားခွဲရုံ၊ ထောက်ကြန့်မြို့နယ်၊ CNG အရောင်းဆိုင်နှင့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရဲနွယ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတို့အား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် စစ်ဆေးသည့်သတင်း
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ လှော်ကားဓာတ်အားခွဲရုံတွင် တပ်ဆင်ထား သော ၂၃၀/၆၆/၁၁ ကေဗွီ၊ ၆၀ အမ်ဗွီအေ ထရန်စဖော်မာကို ဝန်အားပိုမိုဖြန့်ဖြူးနိုင်သော ထရန်စဖော်မာဖြင့် အစားထိုးလဲလှယ်ခြင်းနှင့် ထောက်ကြန့်မြို့နယ်၊ CNG ​အရောင်းဆိုင် နေရာနှင့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရဲနွယ်ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံတို့အား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်၊ လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း မှ တာဝန်ရှိသူများလိုက်ပါလျက် ၁-၁-၂၀၁၈ ရက်နေ့တွင် ရောက်ရှိစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 01-Jan-2018
ရန်ကုန်တိုင်းဒေသကြီး၊ လျှပ်စစ်ဓာတ်အားဖွံ့ဖြိုးတိုးတက်ဖြန့်ဖြူးနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် စစ်ဆေးသည့်သတင်း
ရန်ကုန်တိုင်းဒေသကြီး ၊ လျှပ်စစ်ဓာတ်အားဖွံ့ဖြိုးတိုးတက်ဖြန့်ဖြူးနိုင်ရေး အတွက် အလုံမြို့နယ်ရှိ ဓာတ်အားကွပ်ကဲရေးဦးစီးဌာန (Load Dispatch Center) ၊ မရမ်းကုန်း မြို့နယ်ရှိ ၂၃၀/၆၆/၁၁ ကေဗွီ၊ ၂x၁၂၅ အမ်ဗွီအေ ဘုရင့်နောင်ဓာတ်အားခွဲရုံ ၊ လှိုင်သာယာ မြို့နယ်ရှိ ၂၃၀/၃၃/၁၁ ကေဗွီ၊ ၁၀၀ အမ်ဗွီအေ ကနောင်ဓာတ်အားခွဲရုံ၊ ၂၃၀/၃၃/၁၁ ကေဗွီ၊ ၂x၁၀၀အမ်ဗွီအေ လှိုင်သာယာဓာတ်အားခွဲရုံ နှင့် ရွှေလင်ပန်းစက်မှုဇုန် တို့သို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအဖွဲ့မှ တာဝန်ရှိသူများ လိုက်ပါလျက် ၂၉-၁၂-၂၀၁၇ ရက်နေ့တွင် ရောက်ရှိစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 29-Dec-2017
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံဒေသတွင် ဆောင်ရွက်လျက်ရှိသော ၂၂၅ မဂ္ဂါဝပ် ထွက်ရမည့် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ စမ်းသပ်မောင်းနှင်ခြင်းအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်သွားရောက်စစ်ဆေး
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံဒေသတွင် Sembcrop Myingyan Power Company Limited မှIPP/BOT စနစ်ဖြင့် အကောင်အထည်ဖော်လျက်ရှိသော ၂၂၅ မဂ္ဂါဝပ် ထွက်ရှိမည့် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ စမ်းသပ်မောင်းနှင်ခြင်းအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများ လိုက်ပါလျက် ၂၄-၁၂-၂၀၁၇ ရက်နေ့တွင် မြင်းခြံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 26-Dec-2017
ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့TA TA Power Delhi Distribution Limited (TATA Power DDL) မှဆောင်ရွက်နေသော Power Distribution Unit သို့သွားရောက်လေ့လာ
နှစ်နိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေသော ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် TA TA Power Delhi Distribution Limited (TATA Power DDL) မှ ဆောင်ရွက်နေသော Power Distribution Unit သို့ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုကြပြီး ရှင်းလင်းဆောင်တွင် နယူးဒေလီမြို့တော်သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 26-Dec-2017
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သည် အိန္ဒိယနိုင်ငံရှိ Panipat ရေနံဓာတုစက်ရုံစုသို့ သွားရောက် ခြင်း၊ အိန္ဒိယနိုင်ငံ Power Minister နှင့် Petroleum and Natural Gas Minister တို့ တွေ့ဆုံ ဆွေးနွေး
နှစ်နိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အိန္ဒိယနိုင်ငံတွင်ရောက်ရှိနေသော ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် (၁၉-၂-၂၀၁၇) ရက်နေ့နံနက်ပိုင်းက နယူးဒေလီမြို့မှ ထွက်ခွာခဲ့ရာ ဟာရန (Haryana) ပြည်နယ်တွင် တည်ရှိသော Indian Oil Corporation Limited ပိုင် Panipat ရေနံဓာတုစက်ရုံစုသို့ ရောက်ရှိခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 26-Dec-2017