The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


"The Project for Capacity Development of Transmission and Distribution System" by JICA
(1) Outline of Project  (2) Training in Myanmar (3) Workshop in Japan for MOEE Engineers (4) Seminar in Japan for MOEE Engineers


Read More...

Posted under : ဝန်ကြီးရုံး
: 26-Dec-2017
ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ၆၆ကေဗွီ ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တောဓာတ်အားလိုင်းနှင့် ၆၆ကေဗွီဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများ
 ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့ နံနက်ပိုင်းတွင် ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တော ၆၆ကေဗွီ ဓာတ်အားလိုင်း (၆၅.၁) မိုင်နှင့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့များတွင် ၆၆/၁၁ကေဗွီ၊ (၁၀)အမ်ဗွီအေ ဓာတ်အား ခွဲရုံများတည်ဆောက်ကာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ၂၃၀ကေဗွီ ပုဏ္ဏားကျွန်း ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ရှင်းလင်း ဆောင်တွင် စီမံကိန်းညွှန်ကြားရေးမှူး(မြောက်ပိုင်း) ဦးမင်းနိုင်မှ  စီမံကိန်းလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ တင်ပြ ချက်များအပေါ် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ သိရှိလိုသည်များကို မေးမြန်းရာ ဒုတိယ ဝန်ကြီးမှ ဖြည့်စွက်ရှင်းလင်တင်ပြပါသည်။ 


Read More...

Posted under : ဝန်ကြီးရုံး
: 26-Dec-2017
၃၃ ကေဗွီ မင်းပြား-ပေါက်တော ဓာတ်အားလိုင်း (၂၂.၅) မိုင်နှင့် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ပေါက်တော ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနား
၃၃ ကေဗွီ မင်းပြား - ပေါက်တော ဓာတ်အားလိုင်း (၂၂.၅) မိုင်နှင့် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ပေါက်တောဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့ (၁၅ : ၀၀) နာရီအချိန်တွင် အဆိုပါဓာတ်အားခွဲရုံတည်ရှိရာဒေသ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုအမျိုးသား လွှတ်တော် ဒုတိယနာယက အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ လျှပ်စစ်ဓာတ်အားပို့လွတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကျော်နှင့် တာဝန် ရှိသူများ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ဒေသခံ ပြည်သူများတက်ရောက်ခဲ့ကြပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 26-Dec-2017
၃၃ ကေဗွီ မင်းပြား-မြေပုံ ဓာတ်အားလိုင်း (၂၆) မိုင်နှင့် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ မြေပုံဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား
ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ တည်ဆောက်ပြီးစီးခဲ့သည့် ၃၃ ကေဗွီ မင်းပြား-မြေပုံ ဓာတ်အားလိုင်း (၂၆) မိုင်နှင့် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ မြေပုံဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့၊ နံနက် (၉၀:၀၀) နာရီအချိန်တွင် အဆိုပါ ဓာတ်အားခွဲရုံ တည်ရှိရာဒေသ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 26-Dec-2017
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝစေရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင် ကြည့်ရှုစစ်ဆေးခြင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းနေထိုင်သော ပြည်သူများ လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်၀စွာရရှိရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာ ထွန်းနိုင်သည် (၂၈.၁၀.၂၀၁၇) ရက်နေ့တွင် အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး နှင့် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများလိုက်ပါလျက် ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေး လျက်ရှိ သည့် ပျဉ်းမနား ၃၃ ကေဗွီခွဲရုံ၊ တောင်သာ ၃၃ ကေဗွီခွဲရုံနှင့် ပေါင်းလောင်း ၃၃ ကေဗွီခွဲရုံများသို့ လည်းကောင်း၊ လယ်ဝေး မြို့နယ်နှင့် ဧလာမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးလျက်ရှိသော လယ်ဝေး ၃၃ ကေဗွီခွဲရုံ၊ ဧလာ ၃၃ ခွဲရုံနှင့် သာ၀တ္ထိ ၃၃ ကေဗွီခွဲရုံ များသို့ လည်းကောင်း ရောက်ရှိစစ်ဆေးခဲ့ပါသည်။ အဆိုပါ ဓာတ်အားခွဲရုံများတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုအခြေအနေ၊ ဓာတ်အားတည်ငြိမ်ပြည့်၀စေရေးနှင့် ဓာတ်အားပျောက်ဆုံးမှုမရှိစေရေး အတွက် ထိန်းညှိဆောင်ရွက် ပေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 26-Dec-2017