The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံရှိ အပူစွမ်းအင်သုံးစက်ရုံ၊ Coal Offloading Terminal ၊ Container Terminal နှင့် HVDC Substation တို့သို့ သွားရောက်လေ့လာ
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်နိုင်ရေး ဆွေးနွေးမှုများပြုလုပ်ရန်နှင့် အိန္ဒိယနိုင်ငံ လျှပ်စစ်နှငင့် စွမ်းအင်ကဏ္ဍ ဆိုင်ရာလုပ်ငန်းများကို လေ့လာရန်အတွက် အိန္ဒိယနိုင်ငံ Petroleum and Natural Gas ဝန်ကြီး၏ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေသော ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်သောင်း လိုက်ပါလျက် ယနေ့နံနက်ပိုင်းက အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်ရှိ Adani Power Limited မှ Operator အဖြစ်ဆောင်ရွက်နေသော ၄၆၂၀ မဂ္ဂါဝပ်တပ်ဆင်အင်အားရှိ အပူစွမ်းအင်သုံး Mundra Power Plant သို့ရောက်ရှိခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 26-Dec-2017
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ရန်နှင့် လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာလုပ်ငန်းများ လေ့လာရန် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အိန္ဒ
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်၍ အဖွဲ့ဝင်များအဖြစ် မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦး၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်နှင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးအောင်မြင့်တို့ ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၇-၁၂-၂၀၁၇ ရက်နေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံသို့ လေကြောင်း ခရီးဖြင့် ထွက်ခွာသွားရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 26-Dec-2017
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပို ရေးရှင်း ၊ စိန်ပန်းမြိုင်ဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး 66/ 33/ 6.6 kV Sub-Station နှင့် Control Room တို့အား ကြည့်ရှုစစ်ဆေးပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 26-Dec-2017
သထုံသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံစီမံကိန်းနှင့်ပတ်သက်၍ သဘာဝနှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး ဆောင်ရွက်ချက်များ
သထုံသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် ပတ်သတ်၍ သဘာဝနှင့် လူမှုပတ်၀န်းကျင်ထိခိုက်မှုမရှိစေရေး ဆောင်ရွက်ချက်များအား အောက်ဖော်ပါ PDF File များတွင် လေ့လာနိုင်ပါသည်။ - သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှု - ပြန်လည်နေရာချထားရေးအစီအစဉ်များ၊ ရေပိုက်လိုင်းများ၊ လျှပ်စစ်ဓာတ်အား လိုင်းများအတွက် ပတ်၀န်းကျင်စီမံခန့်ခွဲမှု


Read More...

Posted under : ဝန်ကြီးရုံး
: 26-Dec-2017
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေးသည့်သတင်း နေပြည်တော်၊ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၈)ရက်
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ(၈)ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီ တိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ ကမ်းလွန်ရတနာစီမံကိန်းပိုက်လိုင်း ဗဟိုထိန်း ချုပ်ရေးစခန်းသို့ ရောက်ရှိခဲ့ပြီး စီမံကိန်းစခန်းရှင်းလင်းဆောင်တွင် တာဝန်ရှိသူများမှ သဘာဝ ဓာတ်ငွေ့ဖြန့်ဖြူး ထုတ်လုပ်ပေးနေမှုအခြေအနေ၊ ပိုက်လိုင်းသွယ်တန်းထားမှုအခြေအနေ များအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ သိလိုသည်များ မေးမြန်းဆွေးနွေးပြီး လုပ်ငန်းလိုအပ်ချက်များအား မှာကြားခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 26-Dec-2017