လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ရုံးအမှတ်(၂၇)ရှိ ရုံးအဆောက်အဦများ ပျက်စီးနေမှု၊ ပြင်ဆင်နေမှု၊ ယာယီရုံးခန်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှု၊ ပျဉ်းမနားပင်မဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့သည့် ဝန်ထမ်းအိမ်ရာများအား ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၈ ရက်၊ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့သည့် ရုံးအမှတ်(၂၇)ရှိ ရုံးအဆောက်အဦများ ပျက်စီးမှုများကို ပြင်ဆင်နေမှုနှင့် ယာယီရုံးခန်းများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ညနေပိုင်းတွင် ပျဉ်းမနားမြို့နယ်ရှိ ပျဉ်းမနားပင်မ ဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ခဲ့သည့် ဓာတ်အားခွဲရုံ ဝန်ထမ်းအိမ်ရာတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 08-Apr-2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော် သည် အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ထိခိုက်ပျက်စီးမှုများနှင့် ချို့ယွင်းပျက်စီးနေမှုများအား ဆက်လက်ပြုပြင်နေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ၂၀၂၅ ခုနှစ် ၊ ဧပြီလ ၈ ရက် နံနက်( ၁၀:၀၀ )နာရီအချိန်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ၊ စစ်ကိုင်းတိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာအဖွဲ့နှင့်အတူ စစ်ကိုင်းမြို့ပေါ်ရှိ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ၃၃/၁၁ကေဗွီ (၂၀)အမ်ဗွီအေ၊မင်းလမ်း ဓာတ်အားခွဲရုံသို့ ရောက်ရှိပြီးဖီဒါအလိုက် လက်ရှိဓာတ်အားဖြန့်ဖြူးပေးနေမှု၊ ဓာတ်အားခွဲရုံအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ ပျက်စီးမှု၊ ဓာတ်အားပို့လွှတ်ရေး ဖီဒါ Pannel များ ထပ်မံ ထိခိုက်ပျက်စီးမှုမရှိစေရေး ဆောင်ရွက်ထားရှိမှုများစစ်ဆေးခြင်း၊၁၁ကေဗွီမင်းလမ်းဖီဒါ(၁)နှင့်(၃)(၂)ထပ်လိုင်း နေရာပြောင်း ရွှေ့ တည်ဆောက်နေမှု၊ ပါရမီရပ်ကွက်တွင် ၁၁/၀.၄ ကေဗွီ (၂၀၀)ကေဗွီအေ ထရန်စဖော်မာ (၂)တိုင်စင် ပြန်လည်တည်ဆောက် နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 08-Apr-2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ငလျင်ဘေးသင့်ဝန်ထမ်းအိမ်ရာ အဆောင်များနှင့် တိုက်ခန်းများတွင် ဝန်ကြီးဌာနအစီအစဉ်ဖြင့် ပြည်လည်ပြုပြင် ပြင်ဆင်၍ နေရာချထားနိုင်ရေး ဆောင်ရွက်နေမှု၊ ရုံးအမှတ်(၂၇)ရှိ ရုံးအဆောက်အဦများ ပျက်စီးနေမှုကို ပြင်ဆင်နေမှုနှင့် နေပြည်တော်ပင်မဓာတ်အားခွဲရုံ(၂) ထိခိုက်ပျက်စီးမှု များအား ကြည့်ရှုစစ်ဆေး၍ ငလျင်ဘေးသင့်ဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည့် သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်၊ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့် ဝန်ထမ်းအိမ်ရာအဆောင်များနှင့် တိုက်ခန်းများတွင် ဝန်ကြီးဌာနအစီအစဉ်ဖြင့် ပြန်လည်ပြုပြင် ပြင်ဆင်၍ နေရာချထားနိုင်ရေး ဆောင်ရွက်နေမှု၊ ရုံးအမှတ် (၂၇)ရှိ ရုံးအဆောက်အဦများ ပျက်စီးမှုကို ပြင်ဆင်နေမှုနှင့် ဥတ္တရသီရိမြို့နယ်ရှိ နေပြည်တော်ပင်မဓာတ်အားခွဲရုံ(၂) မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ခွဲရုံ ပျက်စီးခဲ့မှုကို ကြည့်ရှုစစ်ဆေးပြီး ငလျင်ဘေးသင့်ဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 07-Apr-2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ငလျင်ဘေးသင့် ဝန်ထမ်းများ နေထိုင်စားသောက်နေမှုအား ကြည့်ရှုစစ်ဆေး၍ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ငလျင်ဘေးသင့်ဝန်ထမ်းများအား ယာယီနေထိုင် နိုင်ရန်အတွက် ဉတ္တရသီရိမြို့နယ် နေပြည်တော်ဗဟိုသင်တန်းကျောင်းတွင် ဝန်ထမ်းနှင့် မှီခို မိသားစုဦးရေ စုစုပေါင်း ၉၁၄ ဦးအားလည်းကောင်း၊ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်း ရေအားလျှပ်စစ် အမှတ် (၁) တည်ဆောက်ရေးဝင်းတွင် ဝန်ထမ်းနှင့် မှီခိုမိသားစုဦးရေ စုစုပေါင်း ၂၇၇ ဦးအားလည်းကောင်း၊ ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဝင်းတွင် ဝန်ထမ်းနှင့် မှီခိုမိသားစုဦးရေ စုစုပေါင်း ၈၃ ဦးအားလည်းကောင်း ယာယီစုစည်း၍ နေရာချထားဆောင်ရွက် ပေးလျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ပိုင်းတွင် ငလျင်ဘေးသင့်ဝန်ထမ်းများအား ယာယီပြောင်းရွှေ့နေရာချထားသည့် ဥတ္တရသီရိ မြို့နယ်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော်ဗဟိုသင်တန်းကျောင်းနှင့် မွန်းလွဲပိုင်းတွင် ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေအားလျှပ်စစ် အမှတ် (၁) တည်ဆောက်ရေးဝင်းနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဝင်းတို့သို့ သွားရောက်ပြီး ငလျင်ဘေးသင့်ဝန်ထမ်းများအား နေရာချထားမှု၊ နေထိုင်စားသောက်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေး၍ အလှူရှင်များမှ ပေးပို့လှူဒါန်းသည့် စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 06-Apr-2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန သဘာဝဘေးဒဏ်ကြောင့် သေဆုံး/ ဒဏ်ရာရနှင့် ငလျင်ဘေးဒဏ် ခံစားခဲ့ရသော ဝန်ထမ်း/ မိသားစုများသို့ ထောက်ပံ့မှု ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန သဘာဝဘေးဒဏ်ကြောင့် သေဆုံး/ဒဏ်ရာရနှင့် ငလျင် ဘေးဒဏ် ခံစားခဲ့ရသော ဝန်ထမ်း/မိသားစုများသို့ ထောက်ပံ့မှု ပေးအပ်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဧပြီလ (၄)ရက်နေ့၊ နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ နေပြည်တော် ဗဟိုသင်တန်းကျောင်း၊ စားရိပ်သာဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်
Read More...
Posted under : ဝန်ကြီးရုံး
: 04-Apr-2025