The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတနိုင်ငံ၊ နယူးဒေလီမြို့၌ ၁၀-၇-၂၀၂၅ ရက်မှ ၁၁-၇-၂၀၂၅ ရက်အထိ ကျင်းပခဲ့သော ဆဌမအကြိမ်မြောက် လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲဦးဆောင်ကော်မတီ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့်သတင်း


Read More...

Posted under : ဝန်ကြီးရုံး
: 14-Jul-2025
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး(အရှေ့)အတွင်းရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများအား ကြည်ရှု့စစ်ဆေးခြင်းနှင့် ဇူလိုင်လ ၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေ အနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 09-Jul-2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ထိန်းသိမ်းနိုင် စေရန်၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေ သာယာလှပစေရန်၊ သစ်တောပြုန်းတီးမှုမှ ကာကွယ် နိုင်ရန်နှင့် ရာသီဥတုမှန်ကန်မှုရှိစေရန် ရည်ရွယ်ချက်များဖြင့်  လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်၊ နံနက် ၀၈:၀၀ နာရီ အချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ နေပြည်တော် ဗဟို သင်တန်းကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲ များနှင့်  အရာထမ်း/အမှုထမ်းများ တက်ရောက်ကြပြီး ရတနာတန်းဝင်ကျွန်းပင် (၁၂၅၀) ပင်ကို သတ်မှတ်နေရာများတွင် တစ်ပြိုင်တည်း စိုက်ပျိုးခဲ့ကြပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 05-Jul-2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း လမ်းနယ်နှင့် မလွတ်ကင်းသော လျှပ်စစ်ဓာတ်အားလိုင်းတိုင်များ ရွှေ့ပြောင်း တည်ဆောက်မည့်အခြေအနေ၊ ၂၃၀ ကေဗွီ လှိုင်သာယာပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် ဥတိုနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် စိုက်ပျိုးမွေးမြူရေးပေါင်းစပ်စီမံကိန်းတို့အား ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်-ပုသိမ်လမ်းမကြီးနှင့် ရန်ကုန်-ညောင်တုန်းလမ်းမကြီး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်းနယ်နှင့် မလွတ်ကင်းသော လျှပ်စစ်ဓာတ်အားလိုင်း တိုင်များ ရွှေ့ပြောင်းတည်ဆောက်မည့် အခြေအနေ၊၂၃၀ ကေဗွီ လှိုင်သာယာပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ဥတိုနေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် စိုက်ပျိုးမွေးမြူရေးပေါင်းစပ်စီမံကိန်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 30-Jun-2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၅ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ထိန်းသိမ်းနိုင် စေရန်၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေ သာယာလှပစေရန်၊ သစ်တောပြုန်းတီးမှုမှ ကာကွယ် နိုင်ရန်နှင့် ရာသီဥတုမှန်ကန်မှုရှိစေရန် ရည်ရွယ်ချက်များဖြင့်  လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်၊ နံနက် ၀၉:၀၀ နာရီ အချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ နေပြည်တော် ဗဟို သင်တန်းကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများနှင့်  အရာထမ်း/အမှုထမ်းများ တက်ရောက်ကြပြီး ရတနာတန်းဝင်ကျွန်းပင် (၉၅၀) ပင်ကို သတ်မှတ်နေရာများတွင် တစ်ပြိုင်တည်း စိုက်ပျိုးခဲ့ကြသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 21-Jun-2025