တောင်တော်ကွင်း နေရောင်ခြည်စွမ်းအင်သုံးနှင့် ရဲရွာရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်မှု အခြေအနေများအား ပြည်ထောင်စုဝန်ကြီးများနှင့် မန္တလေးစက်မှုဇုန်မှ လုပ်ငန်းရှင်များ ကြည့်ရှုလေ့လာ
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုတို့နှင့်အတူ မန္တလေးစက်မှုဇုန်မှ လုပ်ငန်းရှင်များသည် ယနေ့တွင် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်ရှိ တောင်တော်ကွင်း နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းနှင့် ရဲရွာရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်မှု အခြေအနေတို့ကို သွားရောက်ကြည့်ရှု လေ့လာကြသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 02-Oct-2022
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့၊ နံနက်ပိုင်းတွင် မိုးထိ၊မိုးမိ ဒေသသို့ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေ များနှင့် ရမည်းသင်းခရိုင်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 28-Sep-2022
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးလုပ်ငန်းဆိုင်ရာကျွမ်းကျင်မှု မွမ်းမံသင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၀၉:၀၀)နာရီ၌ နေပြည်တော်ဗဟိုသင်တန်းကျောင်း တွင် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 23-Sep-2022
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၂ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား ဖူဆယ် ဘောလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်း၌ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ ဖူဆယ်အားကစားလေ့ကျင့်ရေးရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 22-Sep-2022
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့၊ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် တောင်ငူ မြို့နယ် စပါးကြွယ်ကျေးရွာအနီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီအေ စပါးကြွယ်ဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းနှင့် မိတ္ထီလာ-နေပြည်တော်-တောင်ငူ မဟာဓာတ်အားလိုင်းကြိုးဆွဲခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါ သည်။
Read More...
Posted under : ဝန်ကြီးရုံး
: 17-Sep-2022