The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး တတိယအကြိမ်မြောက် ဘင်းမ်စတက်စွမ်းအင်ဝန်ကြီးများအစည်းအဝေးသို့ပါဝင်တက်ရောက်
တတိယအကြိမ်မြောက် ဘင်းမ်စတက်စွမ်းအင်ဝန်ကြီးများအစည်းအဝေး (Third BIMSTEC Energy Minister's Meeting) ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့၌ နီပေါနိုင်ငံက အိမ်ရှင်အဖြစ် ကြီးမှူး ကျင်းပခဲ့ရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်သန်းဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့မှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 20-Apr-2022
ပြည်သူသို့ အသိပေးကြေညာချက်
လူမှုကွန်ယက်မီဒီယာများတွင် ပြန့်နှံ့နေသော “သီလဝါဆီသိုလှောင်ကန်စခန်းများအတွင်း စက်သုံးဆီများ လက်ကျန်လျော့နည်းနေသည်” ဆိုသည့် ကောလဟလသတင်းအမှားများ ထွက်ပေါ်နေသည့်ကိစ္စနှင့်ပတ်သက်၍ ယနေ့သီလဝါသိုလှောင်ကန်စခန်းများအပါအဝင် ပြည်တွင်းစက်သုံးဆီ လက်ကျန်အခြေအနေမှာ ဓါတ်ဆီ အနေဖြင့် ဂါလန် ၄၅ သန်းခန့်နဲ့ ဒီဇယ်ဆီအနေဖြင့် ဂါလန်သန်း ၇၀ ခန့်ရှိပြီး လက်ရှိကာလတွင် ဆိပ်ကမ်းမှာ ရောက်ရှိနေသော်လည်း မဟာသင်္ကြန်ပိတ်ရက်ကြောင့် ဆီမချရသေးသည့် သင်္ဘော ၂ စီး ရှိပါကြောင်း၊ ဆက်လက် တင်သွင်းနိုင်ရေးအတွက်ကိုလည်း သက်ဆိုင်ရာကုမ္ပဏီများမှ စီစဉ်ထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်တွင်းစက်သုံးဆီ ပြတ်လပ်မှုလုံးဝမဖြစ်ပေါ်နိုင်ကြောင်း မိဘပြည်သူများစိုးရိမ်မှုမရှိကြရန် အသိပေး အပ်ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 19-Apr-2022
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ (၁၈ - ၄ - ၂၀၂၂ ) ရက်နေ့ ဓာတ်အားထုတ်လုပ်နိုင်မှု/ လိုအပ်မှု/ ဝန်အားလျော့ပမာဏ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ (၁၈ - ၄ - ၂၀၂၂ ) ရက်နေ့ ဓာတ်အားထုတ်လုပ်နိုင်မှု/ လိုအပ်မှု/ ဝန်အားလျော့ပမာဏ


Read More...

Posted under : ဝန်ကြီးရုံး
: 19-Apr-2022
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာသက္ကရာဇ် ၁၃၈၄ ခု နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနစုပေါင်းငါးလွှတ်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဇီဝိတဒါနစုပေါင်းငါးလွှတ်ပွဲ မင်္ဂလာအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် နှစ်ဆန်း (၁) ရက် (ဧပြီလ ၁၇ ရက်) နံနက် ၉ နာရီ၌ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်း၊ ရာသီသီးနှံစိုက်ခင်း ငါးကန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 18-Apr-2022
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် အတက်နေ့ အခမ်းအနား ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဧပြီလ(၁၆)ရက်နေ့ သင်္ကြန်အတက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရုံးအမှတ်(၂၇)၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါ သည်။


Read More...

Posted under : ဝန်ကြီးရုံး
: 16-Apr-2022