The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ကြိုဆိုပွဲ အခမ်းအနား ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ကြိုဆိုပွဲ အခမ်း အနားကို ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၄) ရက်နေ့၊ သင်္ကြန်အကျနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရုံးအမှတ်(၂၇)၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော COVID-19 ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 14-Apr-2022
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတ ရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ကျိုင်းတောင်းမြို့၏ အနောက်တောင် ဘက်(၁၄)မိုင်ခန့်အကွာ၊ နမ့်တိန်ချောင်းပေါ်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီး ဌာန၊ အမှတ် (၅) တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အထက် ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းသို့ ရောက်ရှိ စစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 12-Apr-2022
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း နမ့်စန်၊ တောင်ကြီး၊ ကလော၊ ရေပေါင်းစုံ ပင်မဓာတ်အားခွဲရုံကြီးများ၏ ဓာတ်အား ဖြန့်ဖြူး ပေးထားမှု အခြေအနေများနှင့် ရှမ်းပြည်နယ် တောင်ပိုင်း လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ဝန်ထမ်းများနှင့် တွေ့ဆုံသည့် လုပ်ငန်းညှိနှိုင်းသို့ တက်ရောက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုးတို့ သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ လိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ နမ့်စန်ပင်မဓာတ်အားခွဲရုံ၊ တောင်ကြီးပင်မဓာတ်အားခွဲရုံ၊ ကလောပင်မ ဓာတ်အားခွဲရုံ၊ ရေပေါင်းဆုံပင်မဓာတ်အားခွဲရုံများ၏ ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေများ အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 12-Apr-2022
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ (၇ - ၄ - ၂၀၂၂ ) ရက်နေ့ ဓာတ်အားထုတ်လုပ်နိုင်မှု/ လိုအပ်မှု/ ဝန်အားလျော့ပမာဏ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ (၇ - ၄ - ၂၀၂၂ ) ရက်နေ့ ဓာတ်အားထုတ်လုပ်နိုင်မှု/ လိုအပ်မှု/ ဝန်အားလျော့ပမာဏ


Read More...

Posted under : ဝန်ကြီးရုံး
: 08-Apr-2022
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး ဝမ်တာပုံရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံအတွင်း နှစ်စဉ်တိုးတက်သုံးစွဲလာသည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းစဉ်များကို ကာလတို၊ ကာလလတ် နှင့် ကာလရှည် စီမံကိန်းများဖြင့် အဆင့်ဆင့်လျာထားစီစဉ်ဆောင်ရွက်လျက် ရှိရာ အဆိုပါ လျာထားစီမံကိန်းများအနက်မှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ အနောက်မြောက်ဘက် (၁၇)မိုင်ခန့်အကွာ ဝမ်တာပုံကျေးရွာအထက်ဘက် နမ့်လွေမြစ်ပေါ်တွင် တည်ဆောက်ရန် လျာထားဆောင်ရွက်မည့် ဝမ်တာပုံရေအားလျှပ်စစ်စီမံကိန်းသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့၊ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 08-Apr-2022