The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


စက်မှုဝန်ကြီးဌာနလက်အောက်ရှိ စက်ရုံ၊ အလုပ်ရုံများ ပြန်လည်လည်ပတ်နိုင်ရေး လိုအပ်သော သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
စက်မှုဝန်ကြီးဌာနလက်အောက်ရှိ စက်ရုံ၊ အလုပ်ရုံများ ပြန်လည်လည်ပတ်နိုင်ရေး အတွက်လိုအပ်သော သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော် အစည်းအဝေးခန်းမ၌ COVID-19 ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 19-Aug-2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု လျော့နည်းပပျောက်စေရေးတို့နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်သူလူထုအား လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အားပြတ်တောက်မှု လျော့နည်းပပျောက်စေရေးတို့နှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 18-Aug-2021
ပြည်သူသို့ မေတ္တာရပ်ခံပန်ကြားချက်
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း၌ မီးသုံးစွဲသူ ပြည်သူလူထုများ အထိုက်အလျောက် သက်သာမှုဖြစ်စေရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစတင်၍ ၂၀၂၁ ခုနှစ်၊ မတ်လအထိ လအလိုက် တစ်လလျှင် ၁၅၀ ယူနစ် ဓာတ်အားခကျသင့်ငွေ ကင်းလွတ်ခွင့်ပြုခဲ့သည့်အပြင် လအလိုက် နောက်ဆုံးပေးသွင်းရမည့်ရက် များကိုလည်း ရွှေ့ဆိုင်းကာ နောက်ကျဒဏ်ကြေး ကင်းလွတ်ခွင့်ပြု၍ နောက်ကျပေးသွင်းစေခဲ့ခြင်း များလည်း ပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 08-Jul-2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ အငယ်တန်းအင်ဂျင်နီယာ(၂) လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊အငယ်တန်း အင်ဂျင်နီယာ(၂) လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၁)ဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့၊ နံနက် ၀၈:၃၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ COVID-19 ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 05-Jul-2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ၂၀၂၁ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့၊ နံနက် ၀၈ : ၃၀ နာရီအချိန်တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၁) တည်ဆောက်ရေး (ပေါင်းလောင်းဝန်း) အတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ ဒုတိယဝန်ကြီး ဦးသန့်စင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်နှင့် ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲ များ၊ အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 04-Jul-2021