The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ နှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ COVID-19 ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 10-Feb-2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်သည် Extractive Industries, Sustainable Development and the 2030 Agenda in Asia and the Pacific စကားဝိုင်း ဆွေးနွေးပွဲတွင် Video Conferencing ဖြင့် ပါဝင်တက်ရောက် ဆွေးနွေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဉီးသန်းဇော်သည် ကုလသမဂ္ဂ အာရှပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (United Nations Economic and Commission for Asia and the Pacific – UNESCAP) မှကြီးမှူး၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့၌ Online မှတစ်ဆင့် ကျင်းပ ပြုလုပ်သော Extractive Industries, Sustainable Development and the 2030 Agenda in Asia and the Pacific (စကားဝိုင်းဆွေးနွေးပွဲ) အခမ်းအနားတွင် ပါဝင် တက်ရောက်ဆွေးနွေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 04-Feb-2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် Online မှတစ်ဆင့် ကျင်းပ ပြုလုပ်သော မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံတွင် Video Message ပေးပို့၍ အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 30-Jan-2021
အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ (NREC) စတုတ္ထအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့၊ ၁၀:၀၀ နာရီ အချိန်တွင် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 29-Jan-2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းရုံးချုပ်ဝင်းအတွင်းတွင် တည်ဆောက်ပြီးစီးသည့် ဆေးပေးခန်းနှင့် အလုပ်ရုံသင်တန်းကျောင်းတည်ဆောက်မည့် မြေနေရာများအား ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင်သည်  တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ရုံးအမှတ်(၄၄)ရုံးဝင်းအတွင်း တည်ဆောက်ပြီးစီးသည့် မြန်မာ့ရေနံဆေးပေး ခန်းနှင့် တည်ဆောက်သွားမည့် အဆောက်အအုံများအတွက် မြေနေရာများအား သွား ရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 28-Jan-2021