The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


Online မှ e-Form ဖြင့် မီတာ၊ ပါဝါမီတာ၊ ထရန်စဖော်မာများအား မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၅)မြို့နယ်တွင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အသိပေးတင်ပြခြင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မီတာ၊ ပါဝါမီတာ၊ ထရန်စဖော်မာများအား Online မှတဆင့် လျှောက်ထားခြင်း (e-Form စနစ်) အား မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်အတွင်းရှိ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ် တို့တွင် မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 21-Jan-2021
ရန်ကုန်တိုင်းဒေသကြီး အလုံဓာတ်အားပေးစက်ရုံဝင်းအတွင်း TTCL Power Myanmar Co.,Ltd. မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ၃၆၅ မဂ္ဂါဝပ် LNG to Power Project အတွက် ဓာတ်အားဝယ်ယူရေးစာချုပ် ချုပ်ဆိုခြင်းအခမ်းအနား ကျင်းပပြုလုပ
ရန်ကုန်တိုင်းဒေသကြီး အလုံဓာတ်အားပေးစက်ရုံဝင်းအတွင်း TTCL Power Myanmar Co.,Ltd. မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ၃၆၅ မဂ္ဂါဝပ် LNG to Power Project အတွက် ဓာတ်အားဝယ်ယူရေးစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၌ COVID-19 ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 19-Jan-2021
66 kV မြင်းခြံ-တောင်သာဓာတ်အားလိုင်း (၁၄) မိုင်နှင့် 66/33 kV (30MVA) တောင်သာဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ မြင်းခြံခရိုင် ၊ 66 kV မြင်းခြံ-တောင်သာဓာတ်အားလိုင်း(၁၄)မိုင်နှင့် 66/33 kV (30MVA) တောင်သာ ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့ နံနက် (၀၉:၀၀)နာရီ အချိန်တွင် တောင်သာဓာတ်အားခွဲရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 19-Jan-2021
မကွေးမြို့နယ်၊ ကန်ကြီးပြားကျေးရွာ လျှပ်စစ်မီးရရှိ
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက်ခဲ့သည့် မကွေးမြို့နယ်၊ ကန်ကြီးပြားကျေးရွာ မီးလင်းရေးအောင်ပွဲကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၁၉) ရက်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 19-Jan-2021
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ကြေညာခြင်းနှင့် သတင်းစာ ရှင်းလင်းပွဲကျင်းပ
ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း ဆောင်ရွက်မှုအခြေအနေနှင့် ပတ်သက်၍ သတင်းကြေညာချက်ထုတ်ပြန်ခြင်းနှင့် သတင်းစာရှင်းလင်းပွဲအခမ်းအနားအား ယနေ့နံနက် ၁၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)ရှိ ရတနာခန်းမ၌ Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အစီအမံများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ဖိတ်ကြားထားသည့် သတင်းဌာနများမှ သတင်းထောက်များ တက်ရောက်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 18-Jan-2021