The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စွမ်းအင်ကဏ္ဍရှိ ဉီးစီးဌာန၊ လုပ်ငန်းများ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေသုံးစွဲခြင်းဆိုင်ရာ အစီအမံများနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် ယနေ့ နံနက်ပိုင်းတွင် အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များ၊ ဉီးဆောင်ညွှန်ကြားရေးမှူးများ၊ စီမံရေးနှင့် ဘဏ္ဍာရေးဌာနများမှ ညွှန်ကြားရေးမှူးများ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေသုံးစွဲခြင်းဆိုင်ရာ အစီအမံများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၄၄)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 12-Jan-2021
ရုံးလုပ်ငန်းဌာနများတွင် COVID-19 ရောဂါကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်ချက် (Version-3.0)
ရုံးလုပ်ငန်းဌာနများတွင် COVID-19 ရောဂါကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်ချက် (Version-3.0)


Read More...

Posted under : ဝန်ကြီးရုံး
: 12-Jan-2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (စွမ်းအင်) ဒေါက်တာထွန်းနိုင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင် (နေပြည်တော်) နှင့် ဗလသိဒ္ဓိရပ်ကွက်ရှိ အမှုထမ်းအိမ်ရာအသစ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဉီးဆောင်ညွှန်ကြားရေးမှူး ဉီးဉာဏ်ထွန်း၊ မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်းမှ ဉီးဆောင်ညွှန်ကြားရေးမှူး ဉီးအောင်မြင့် နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ၊ ဇမ္ဗူသီရိ မြို့နယ်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင် (နေပြည်တော်) နှင့် ဗလသိဒ္ဓိရပ်ကွက်ရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ၆ ခန်းတွဲ ၄ ထပ် အမှုထမ်းအိမ်ရာ အသစ် တိုက်အမှတ် (၂၃၁၁၇) တို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 11-Jan-2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် နေပြည်တော်ကောင်စီနယ်မြေရှိ အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကွပ်ကဲရေးရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဉီးဆောင်ညွှန်ကြားရေးမှူး၊ ဉီးဉာဏ်ထွန်းနှင့် တာဝန်ရှိသူများ လိုက်ပါ လျက် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွပ်ကဲရေးရုံးသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 07-Jan-2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (လျှပ်စစ်) ဦးခင်မောင်ဝင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်ကဏ္ဍဆိုင်ရာဝန်ကြီးများနှင့် National Electrification Project (NEP) စီမံကိန်းဖြင့် ကျေးရွာများတွင် ၄၀၀ ဗို့ဓာတ်အားလိုင်းဖြင့် လျှပ်စစ်မီးသွယ်တန်းရေး ကိစ္စရပ်နှင့်ပတ်သက်၍ Virtual Meeting ပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (လျှပ်စစ်) ဦးခင်မောင်ဝင်းသည် တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ လျှပ်စစ်ကဏ္ဍဆိုင်ရာဝန်ကြီးများနှင့် နေြပည်တော်ကောင်စီ၀င် တို့နှင့်အတူ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့၊ ၁၄:၀၀ နာရီအချိန်တွင် ဒုတိယဝန်ကြီး၏ ရုံးခန်းမှ Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 06-Jan-2021