လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ (၁၂) ကြိမ်မြောက် စင်ကာပူအပြည်ပြည်ဆိုင်ရာစွမ်းအင် ရက်သတ္တပတ်နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် စင်ကာပူ နိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့နှင့် (၃၀)ရက်နေ့များတွင် Marina Bay Sands Hotel တွင် ကျင်းပသည့် (၁၂)ကြိမ်မြောက် စင်ကာပူအပြည်ပြည်ဆိုင်ရာ စွမ်းအင် ရက်သတ္တပတ် ဖွင့်ပွဲအခမ်းအနား၊ Singapore Energy Summit တို့သို့ တက်ရောက်ခဲ့ပြီး Accelerating Energy Transformation ၊ Transformation - Accelerating Action ၊ Electrification-Powering Growth ၊ Singapore International Energy Agency Forum ၊ Opportunities and challenges in the Southeast Asia Energy Landscape ခေါင်းစဉ်များဖြင့် ဆွေးနွေးသည့် ဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့ ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 30-Oct-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နှင့် နတ်မောက်မြို့နယ်တို့ရှိ ဓာတ်အားခွဲရုံများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတ၊သဘာဝ ပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဉီးမြင့်ဇော် နှင့်အတူ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက် နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ မြင်းကင်းဓာတ်အားခွဲရုံ ၊ နတ်မောက်လမ်း ဓာတ်အားခွဲရုံ၊ လွှတ်တော် ဓာတ်အားခွဲရုံနှင့် နတ်မောက်မြို့နယ်ရှိ မြို့သစ်မြို့ ဓာတ်အားခွဲရုံများသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 28-Oct-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ (၁၂) ကြိမ်မြောက် စင်ကာပူအပြည်ပြည်ဆိုင်ရာစွမ်းအင် ရက်သတ္တပတ် သို့ တက်ရောက်ရန် စင်ကာပူနိုင်ငံသို့ ထွက်ခွာ
စင်ကာပူနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့မှ နိုဝင်ဘာလ (၁) ရက်နေ့အထိ ကျင်းပမည့် (၁၂) ကြိမ်မြောက် စင်ကာပူအပြည်ပြည်ဆိုင်ရာ စွမ်းအင် ရက်သတ္တပတ်သို့တက်ရောက်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ စင်ကာပူနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 28-Oct-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တို့ရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများနှင့် ဓာတ်အားခွဲရုံများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
၂၀၂၀ ခုနှစ် နွေရာသီတွင် နိုင်ငံတော်၏ တိုးတက်သုံးစွဲလာမည့် လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့ ၊ ရွှေတောင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံဝင်း အတွင်း အကောင် အထည်ဖော် ဆောင်ရွက်မည့် ၂၈ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံစီမံကိန်းနှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မကွေးပင်မဓာတ်အားခွဲရုံဝင်းအတွင်း အကောင် အထည်ဖော်ဆောင်ရွက်မည့် ၆၆ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံစီမံကိန်းများသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက် နေ့တွင် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 27-Oct-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) အတွင်းရှိ ဓာတ်အားခွဲရုံများ ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ ဓာတ်အားခွဲရုံတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 26-Oct-2019