The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


သထုံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း ဆောင်ရွက်နေမှု အခြေအနေများအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သွားရောက်ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဒေါက်တာထိန်လင်း၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ(၁၆)ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာအနီးရှိ သထုံဓာတ်အားပေးစက်ရုံစီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 17-Nov-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ပထမအကြိမ် ကထိန်သင်္ကန်း ကပ်လှူပူဇော်ပွဲ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအမှူးပြု၍ ဝန်ထမ်းမိသားစုများ၏ တတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ကပ်လှူပူဇော်ပွဲကို ယနေ့နံနက် ၀၅:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ မဟာဝိသုတာရာမ စျေးကုန်းကျောင်းတိုက်ဆရာတော် နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇမဟာရဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကဝိသာရ အရှင်သူမြတ်ထံမှ ကထိန် အနုမောဒနာတရားတော်များ နာကြား၍ ဆရာတော် သံဃာတော်များအား ငွေကျပ် ၃၂,၅၆၃,၆၉၀/- တန်ဖိုးရှိ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 15-Nov-2018
၆၆ကေဗွီ မြင်းခြံ - ငါန်းဇွန် ဓာတ်အားလိုင်း(၀.၆၇) မိုင်၊ ၆၆/၁၁ကေဗွီ ( ၁၀ )အမ်ဗွီအေ ငါန်းဇွန် ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်း
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ၆၆ကေဗွီ မြင်းခြံ - ငါန်းဇွန်ဓာတ်အားလိုင်း (၀.၆၇)မိုင် နှင့် ၆၆/၁၁ ကေဗွီ (၁၀) အမ်ဗွီအေ ငါန်းဇွန် ဓာတ်အားခွဲရုံ တည်ဆောက်ရေး စီမံကိန်းအား (၇.၃.၂၀၁၆) ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ


Read More...

Posted under : ဝန်ကြီးရုံး
: 15-Nov-2018
၆၆ကေဗွီ ရသေ့တောင် - ဘူးသီးတောင် ဓာတ်အားလိုင်း(၃၃)မိုင်၊ ၆၆/၁၁ကေဗွီ ( ၅ ) အမ်ဗွီအေ ဘူးသီးတောင် ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်း
ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဒေသရှိ ပြည်သူများ လူမှုဘဝ တိုးတက်ရေးမှာ လိုအပ်သော လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်မှ ရရှိ သုံးစွဲ နိုင်ရေး ၆၆ကေဗွီ ပုဏ္ဏားကျွန်း - ရသေ့တောင် - ဘူးသီးတောင် - မောင်တော ဓာတ်အားလိုင်း (၆၄.၃၁)မိုင်နှင့် ၆၆ကေဗွီ ဓာတ်အားခွဲရုံများတည်ဆောက်ရေးစီမံကိန်းအား အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ


Read More...

Posted under : ဝန်ကြီးရုံး
: 15-Nov-2018
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး
   သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တို့သည် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် မုတ္တမကမ်းလွန် ဒေသလုပ်ကွက် M5 နှင့် M6 တွင် တည်ရှိသော ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 11-Nov-2018