လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ၂၃၀ ကေဗွီ ရွှေဘို ပင်မဓာတ်အားခွဲရုံတည်ဆောက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ရွှေဘိုမြို့၊ ရွှေဘို- မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးဘေးရှိ ၂၃၀ ကေဗွီ ရွှေဘိုပင်မဓာတ်အားခွဲရုံ တည်ဆောက် ရေး စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိပါသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့အား ရွှေဘိုပင်မဓာတ်အားခွဲရုံတည်ဆောက်ရေးစီမံကိန်း ယာယီ ရှင်းလင်းဆောင်တွင် ဓာတ်အားပို့လွှတ်ရေးစီမံကိန်း(မြောက်ပိုင်း) စီမံကိန်းညွှန်ကြားရေးမှူးက ၂၃၀ ကေဗွီ ဗန်းမော်- နဘား- ရွှေဘို- အုန်းတော ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ လည်းကောင်း၊ ဗန်းမော်ပင်မဓာတ်အားခွဲရုံ၊ နဘားပင်မဓာတ်အားခွဲရုံ၊ ရွှေဘိုပင်မ ဓာတ်အားခွဲရုံများ အသစ်တည်ဆောက်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 31-Dec-2018
မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ (CNG) အရောင်းဆိုင် (ပုလဲနှင့် ထောက်ကြန့်) တို့၏ ဓာတ်ငွေ့ဖြန့်ဖြူးရောင်းချနေမှုအခြေအနေနှင့် မှော်ဘီမြို့နယ်ရှိ အမှတ် (၄) ဓာတ်မြေဩဇာ စက်ရုံ(မြောင်းတကာ) များသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သွားရောက်ကြည့်ရှု စစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပုလဲမြို့ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင်အမှတ်(၀၀၈) ၏ မော်တော်ယာဉ်များသို့ CNG ဖြန့်ဖြူးရောင်းချနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 30-Dec-2018
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် စွမ်းအားသစ်အိုအေစစ် ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက် တို့အကြား လျှပ်စစ်ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် စွမ်းအားသစ် အိုအေစစ် ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီလီမိတက်တို့အကြား လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့ (၁၈:၀၀)နာရီ အချိန်တွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 28-Dec-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန နှင့် China Energy Engineering Group Hunan Electric Power Design Institute Co., Ltd (For Lot-1) ၊ SEPCO Electric Power Construction Corporation (For Lot-2) တို့အကြား ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)-စပါးကြွယ်(တောင်ငူ) မဟာဓာတ်အားလိုင်း ကြိုးဆွဲလုပ်ငန်းအပ်နှံခြင်း သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန နှင့် China Energy Engineering Group Hunan Electric Power Design Institute Co., Ltd (For Lot-1) ၊ SEPCO Electric Power Construction Corporation (For Lot-2) တို့အကြား ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ) - စပါးကြွယ်(တောင်ငူ) မဟာဓာတ်အားလိုင်း ကြိုးဆွဲလုပ်ငန်းအပ်နှံခြင်း သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၆)ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 26-Dec-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်နှင့်စွမ်းအင်ကိစ္စရပ်များ စစ်ဆေးကြည့်ရှု
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနနှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်းမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ဓာတ်အား ကွပ်ကဲရေးဌာန(ရန်ကုန်) အတွက် အဆောက်အဦအသစ်တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပါသည်။ ဒုတိယဝန်ကြီးနှင့်အဖွဲ့အား စီမံကိန်းညွှန်ကြားရေးမှူး (မြို့ပြ) မှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် လုပ်ငန်းတိုးတက်မှု အခြေအနေများအား ရှင်းလင်းပြောကြားရာ ဒုတိယဝန်ကြီးမှ လုပ်ငန်းလိုအပ်ချက်များအား လမ်းညွှန်မှာကြားပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း ကြည့်ရှု စစ်ဆေးပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 24-Dec-2018