The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များသို့ လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အား ပြတ်တောက်မှု လျော့နည်းစေရေး၊ လျှပ်စစ်လျော့နည်းပျောက်ဆုံးမှုလျော့ချစေရေး နှင့် ဓာတ်အား စနစ်တည်ငြိမ် တိုးတက်ကောင်းမွန်စေရေးတို့အတွက် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာများနှင့် တွေ့ဆုံ မှာကြားသည့်အစည်းအဝေး ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များသို့ လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေး၊ လျှပ်စစ်လျော့နည်းပျောက်ဆုံးမှု လျော့ချစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေး တို့အတွက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့် တွေ့ဆုံမှာကြားသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ( ရုံးချုပ် ) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 22-Dec-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းတည်ဆောက်ရေးတင်ဒါ (စစ်ကိုင်းတိုင်းဒေသကြီး C1 W1) အောင်မြင်သည့် ကုမ္ပဏီ ၄ ခု တို့အကြားတည်ဆောက်ရေးလုပ်ငန်းအပ်နှံသည့် စာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပ
   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ကမ္ဘာ့ဘဏ် ချေးငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းပါ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ ၄၈၂ ရွာအတွက် ဓာတ်အားလိုင်း၊ ထရန်စဖော်မာ တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီများဖြစ်သည့် Able Winner Co.,Ltd ၊ Soe Moe Than Co., Ltd ၊ Helta Light Co.,Ltd နှင့် Myanmar Super Ray Co.,Ltd တို့အကြား လုပ်ငန်းအပ်နှံသည့် စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့၊ ၁၄:၀၀ နာရီ အချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 21-Dec-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက် ရှိသော စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက် လျက်ရှိသော စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့်ပတ်သက်သည့် တိုင်းဒေသကြီး/ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့၊ ၀၉:၀၀ နာရီ အချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 17-Dec-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  ဒေါက်တာထွန်းနိုင် မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်နှင့်စွမ်းအင်ကိစ္စရပ်များ စစ်ဆေးကြည့်ရှု
၂၀၁၉ ခုနှစ် နွေရာသီတွင် နိုင်ငံ၏ လိုအပ်သော လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်ရေး အတွက် Powergen Kyaukse Company Limited မှ မန္တလေးတိုင်ဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ ဘဲလင်းပင်မဓာတ်အားခွဲရုံအနီးတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော 145MW Gas Engine Power Plant စီမံကိန်းသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက်နေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 15-Dec-2018
Economic Research Institute for ASEAN and East Asia – ERIA ၏ နည်းပညာနှင့်ငွေကြေးပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့သော Natural Gas Master Plan in Myanmar ထုတ်ပြန်ပွဲ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး  ဦးဝင်းခိုင် တက်ရောက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန နှင့် Economic Research Institute for ASEAN and East Asia (ERIA) တို့ပူးပေါင်း၍ ERIA ၏ နည်းပညာနှင့်ငွေကြေး ပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့သော Natural Gas Master Plan in Myanmar ထုတ်ပြန်ပွဲ အခမ်းအနားအား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် သင်္ဂဟဟိုတယ်၊ နေပြည်တော်၌ ကျင်းပခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 11-Dec-2018