လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်း လျှပ်စစ်နှင့် စွမ်းအင်ကိစ္စရပ်များ ကြည့်ရှုစစ်ဆေး
					
					
					        လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့ရှိ ၁၃၂ ကေဗွီဓာတ်အားခွဲရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ ဓာတ်အားခွဲရုံမှူးမှ ပင်မဓာတ်အားခွဲရုံနှင့်ပတ်သက်သည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ သန့်ရှင်းကြံ့ခိုင်မှု ကောင်းမွန်ရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ မီးသုံးစွဲသူပြည်သူများ ဓာတ်အား ပြတ်တောက်မှု လျော့နည်းပပျောက်စေရေးနှင့် ဗို့အားတည်ငြိမ်ပြည့်ဝစွာရရှိရေးတို့အတွက် အထူးဂရုပြုဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး ခွဲရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ပါသည်။					
					
					Read More... 
					 
				 
				
				
					
										Posted under : ဝန်ကြီးရုံး
										 : 20-Oct-2018				
				
			 
					
				
					
					
					တရုတ်နိုင်ငံ၊ Jiangsu ပြည်နယ်၊ Suzhou မြို့တွင် ကျင်းပပြုလုပ်သည့် Belt and Road Energy Ministerial Conference အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တက်ရောက်
					
					
					 တရုတ်နိုင်ငံ Jiangsu ပြည်နယ်၊ Suzhou မြို့တွင် ရောက်ရှိနေသော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့်အဖွဲ့သည် တရုတ်နိုင်ငံ အမျိုးသား  စွမ်းအင်အုပ်ချုပ်ရေးအဖွဲ့ (National Energy Administration of China - NEA) မှ ဦးဆောင်ကျင်းပသော ရပ်ဝန်းနှင့်လမ်းကြောင်း စွမ်းအင်ဝန်ကြီးများညီလာခံ (Belt and Road Energy Ministerial Conference) ဖွင့်ပွဲအခမ်းအနားသို့ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်၊ ဒေသစံတော်ချိန် နံနက် ၀၉:၀၀ နာရီအချိန်တွင် တက်ရောက်ခဲ့ပါသည်။					
					
					Read More... 
					 
				 
				
				
					
										Posted under : ဝန်ကြီးရုံး
										 : 19-Oct-2018				
				
			 
					
				
					
					 
					 
					
					၂၀၁၉ ခုနှစ် ၊ နွေရာသီအမီ ဓာတ်အားထုတ်လုပ်နိုင်ရေး ရည်ရွယ်၍ ဓာတ်ငွေ့ အင်ဂျင်သုံး ဓာတ်အားပေးစက်ရုံတွင်  တပ်ဆင်အသုံးပြုမည့် 1.56 MW Gas Engine အသစ် ၆၄ လုံးနှင့် ဆက်စပ်ပစ္စည်းများ သယ်ယူမှု အခြေအနေအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ကြည့်ရှုစစ်ဆေး
					
					
					    ၂၀၁၉ ခုနှစ် ၊ နွေရာသီအမီ ဓာတ်အားထုတ်လုပ်နိုင်ရေး ရည်ရွယ်၍ ဓာတ်ငွေ့အင်ဂျင်သုံး ဓာတ်အားပေးစက်ရုံတွင် တပ်ဆင်အသုံးပြုမည့် ဂျာမဏီနိုင်ငံထုတ် MTU အမျိုးအစား 1.56 MW Gas Engine အသစ် ၆၄ လုံးနှင့် ဆက်စပ်ပစ္စည်းများအား ရန်ကုန် ဆိပ်ကမ်းမှ စီမံကိန်းလုပ်ငန်းခွင်သို့ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့၊ ည ၀၈:၀၀ နာရီမှ စတင်ပြီး အသုတ်ခွဲ၍ သယ်ယူပို့ဆောင်လျက်ရှိရာ အောက်တိုဘာလ ၁၉ ရက်နေ့၊ နံနက် ၀၈:၀၀ နာရီတွင် နေပြည်တော်၊ ဘောဂသီရိကားကြီးကွင်းအနီး ပျဉ်းမနား မြို့ရှောင်လမ်း မိုင်တိုင်အမှတ် (၃/၅)၌ ပထမအသုတ် ရောက်ရှိလာသော Gas Engine များအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးအေးကျော်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်တို့သည် တာဝန်ရှိသူများနှင့်အတူ လာရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။					
					
					Read More... 
					 
				 
				
				
					
										Posted under : ဝန်ကြီးရုံး
										 : 19-Oct-2018				
				
			 
					
				
					
					
					တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆူးကျိုးမြို့တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့၌ ကျင်းပမည့် Belt and Road Energy Ministerial Conference သို့ တက်ရောက်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တရုတ်နိုင်ငံသို့ ထွက်ခွာ
					
					
					 တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆူးကျိုးမြို့တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့၌ကျင်းပမည့် Belt and Road Energy Ministerial Conference သို့ တက်ရောက်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် အဖွဲ့ဝင်အဖြစ် လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း လိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်မှတစ်ဆင့် လေကြောင်းခရီးဖြင့် တရုတ်နိုင်ငံသို့ ထွက်ခွာရာ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာဟုန်လျန်၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးမောင်မောင်လတ်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။					
					
					Read More... 
					 
				 
				
				
					
										Posted under : ဝန်ကြီးရုံး
										 : 17-Oct-2018				
				
			 
					
				
					
					 
					 
					
					မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ရှမ်းတဲကျေးရွာအုပ်စုရှိ ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင်တွင် ကျင်းပပြုလုပ်သည့် ရှမ်းတဲကျေးရွာအုပ်စုရှိ အိမ်ထောင်စုများသို့ LPG ရေနံဓာတ်ငွေ့ရည်အိုးပေးအပ်
					
					
					         လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို လျှော့ချနိုင်ရန်၊ သစ်တောပြုန်းတီးမှု (Deforestation) လျှော့ချနိုင်ရေးအတွက် ထင်းမီးသွေး သုံးစွဲမှုကို အစားထိုးနိုင်ရန်နှင့် သန့်စင်သန့်ရှင်းသော ချက်ပြုတ်မှုကို ဆောင်ရွက်နိုင်ပြီး ကျန်းမာရေးကို အထောက်အကူပြုစေရန်ရည်ရွယ်၍ LPG ရေနံဓာတ်ငွေ့ရည်သုံးစွဲမှုကို မြို့ကြီးများမှတစ်ဆင့် နယ်မြို့ကျေးရွာများအထိ သုံးစွဲလာနိုင်စေရေး Pilot Project များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့၊ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်နှင့် တာဝန်ရှိသူများ သည် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၊ ရှမ်းတဲကျေးရွာအုပ်စုရှိ မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်း၏ ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်သို့ သွားရောက်၍ ရှမ်းတဲကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားခဲ့ပါသည်။					
					
					Read More... 
					 
				 
				
				
					
										Posted under : ဝန်ကြီးရုံး
										 : 15-Oct-2018