လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ PTTEP ကုမ္ပဏီ ရုံးချုပ် တွင် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည့်သတင်း
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သည့် 2nd Asian and Pacific Energy Forum သို့တက်ရောက်ရန် ရောက်ရှိနေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးစီးသော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၅ ရက်နေ့ မွန်းလွဲပိုင်းက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP ကုမ္ပဏီရုံးချုပ်သို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူများက ကြိုဆိုပြီး ရှင်းလင်းခန်းမတွင် PTTEP ကုမ္ပဏီ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ထုတ်လုပ် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား Sub Surface Data Management System အား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှလည်း မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း၏ Data Management System အား အဆင့်မြှင့်တင်ဆောင်ရွက်ရန် အစီအစဉ်များကို ပြန်လည် ဆွေးနွေးခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 05-Apr-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ကုလသမဂ္ဂ ဒေသဆိုင်ရာရုံးတွင် ကျင်းပပြုလုပ်သည့် 2nd Asian and Pacific Energy Forum သို့ တက်ရောက် သည့်သတင်း
United Nations Economic and Social Commission for Asia and the Pacific (UNESCAP) နှင့် ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီးဌာနတို့မှ ကြီးမှူး၍ ဧပြီလ ၃ ရက်နေ့မှ ၅ ရက်နေ့အတွင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ကုလသမဂ္ဂဒေသဆိုင်ရာရုံးတွင် ကျင်းပပြုလုပ်မည့် 2nd Asian and Pacific Energy Forum သို့ တက်ရောက်ရန်ရောက်ရှိနေသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးစီးသော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကုလသမဂ္ဂဒေသဆိုင်ရာရုံး တွင်ကျင်းပသည့် Forum သို့ တက်ရောက်ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 04-Apr-2018
နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်အားလိုင်း၊ ဓာတ်တိုင် လဲပြိုကျမှုများကို ပြုပြင်ဆောင်ရွက်နေမှုများအား လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဌာန၊ ဒုတိယဝန်ကြီးမှ လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည့်သတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဇမ္ဗူသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်များ၌ (၃၁-၃-၂၀၁၈) ရက်နေ့၊ (၁၇:၄၀)နာရီအချိန်ခန့်တွင် လေပြင်းများ ရုတ်တရက်တိုက်ခတ်မှုနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်များလဲကျခြင်း၊ ဓာတ်တိုင်အချို့ လဲကျခြင်းများဖြစ်ပေါ်၍ ပြည်ထောင်စု နယ်မြေအတွင်း ဓာတ်အားဖြန့်ဖြူးပေးထားသော ၃၃ ကေဗွီ အမှတ်(၁)၊ အမှတ်(၃)၊ အမှတ်(၆)၊ အမှတ်(၈) ဓာတ်အားခွဲရုံနှင့် ပျဉ်းမနားမြို့နယ်ရှိ ခွဲရုံများ၏ ၃၃ ကေဗွီ နှင့် ၁၁ ကေဗွီ ဓာတ်အားလိုင်း များ ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 03-Apr-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ကိစ္စရပ်များနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ပြည်နယ်/ခရိုင်/ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများနှင့် တွေ့ဆုံခြင်း၊ စစ်တွေလေဆိပ်ရှိ လေယာဉ်ဆီဖြန့်ဖြူးရေး ဌာနခွဲနှင့် စစ်တွေ ၆၆/၁၁ ကေဗွီ ၊ ၂၀ အမ်ဗွီအေ ဓာတ်အားခွဲရုံအား ကြည့်ရှုစစ်ဆေးသည့် သတင်း
နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ ( ၂ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ရောက်ရှိပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများအားတွေ့ဆုံ၍ ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက် သွားရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 02-Apr-2018
၆၆ ကေဗွီ ပုဏ္ဏားကျွန်း - ရသေ့တောင်ဓာတ်အားလိုင်း ၂၂.၂ မိုင်၊ ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ရသေ့တောင် ဓာတ်အားခွဲရုံ နှင့် ရသေ့တောင်မြို့အား ဓာတ်အား စတင် ဖြန့်ဖြူးခြင်း အခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း
နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ ( ၁ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း - ရသေ့တောင်ဓာတ်အားလိုင်း ၂၂.၂ မိုင်၊ ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ရသေ့တောင် ဓာတ်အားခွဲရုံဖွင့်ပွဲနှင့် ရသေ့တောင်မြို့အား နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အား စတင်ဖြန့်ဖြူးခြင်း အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ ဓာတ်အားခွဲရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 01-Apr-2018