The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်သူ့လွှတ်တော်ကဏ္ဍ


ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာလူထုက သဘောမတူဘဲ၊ တိုင်းဒေသကြီးအစိုးရ၏ ခွင်‌့ပြုချက်မရဘဲ စက်သုံးဆီအရောင်းဆိုင်သစ် ဆောက်လုပ်ခြင်းကို မည်သို့အရေးယူဆောင်ရွက်မည်နှင်‌့ မည်သည့် ဌာနမှ မည်ကဲ့သို့ ခွင့်ပြုထားသည်ကို သိလိုခြင်းနှင်‌့စပ်လျဉ်းသည့်မေးခွန်း
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ သရက်အုပ်ကျေးရွာအုပ်စု၊ ကုလားကုန်းကျေးရွာတွင် စက်သုံးဆီ အရောင်းဆိုင်အသစ် ဖွင်‌့လှစ်ရန်အတွက် စက်သုံးဆီဆိုင် ဆောက်လုပ်နေမှုကို ကျေးရွာသူ/သား ၂၁၆ ဦးမှ လက်မှတ်ရေးထိုးပြီး ၈-၄-၂၀၁၆ ရက်တွက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံလိပ်မူပြီး မိမိထံမိတ္တူ ပေးခဲ့ပါကြောင်း၊ ၎င်းရက်တွင် ဝန်ကြီးချုပ်က ကျေးရွာသူ/သားများမှ သဘောတူညီ ကြောင်း၊ လက်မှတ်ရေးထိုးပြီး တင်ပြလာပါက ဖွင်‌့လှစ်ခွင့်ပြုမည်ဟုလည်း စာပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ သို့သော်လည်း ကျေးရွာသူ/သားများ၏ သဘောတူညီချက်ကို ရယူသည့်စာပြန်လည် တင်ပြလာခြင်း မရှိပါကြောင်း၊


Read More...

: 07-Jun-2019
မက်မန်းမြို့နယ်ရှိ နမ့်နန်းချောင်းမှ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရေးအတွက် ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မက်မန်းမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအနေဖြင့် မက်မန်းမြို့ပေါ်တွင် ကျေးရွာအုပ်စု ငါးခုက ကျေးရွာခုနှစ်ရွာတွင် ဒီဇယ်ဆီစက်နှင့် နေ့စဉ်ညနေ ၆ နာရီမှ ၁၀ နာရီအထိ ၄ နာရီ ကြာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိပြီး နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဌာနတို့၏ ဒေသဖွံ့ဖြိုးတိုးတက်ရေး စီစဉ်ဆောင်ရွက်မှုနှင့် ဆိုလာများထောက်ပံ့ ပေးမှုနှင့် ကျေးရွာမီးလင်းရေးကို ဆောင်ရွက်လျက် ရှိပါကြောင်း၊


Read More...

: 07-Jun-2019
ပျော်ဘွယ်မြို့နယ်တွင် သူဌေးကုန်းမှ ရွှေညောင်ဖူး/ကျောက်ချပ် 33 KV လျှပ်စစ်ဓာတ်အားလိုင်းကို ကိုယ့်အားကိုယ်ကိုး ကျေးလက်မီးလင်းရေးကော်မတီဖွဲ့စည်း၍ တည်ဆောက်လျက်ရှိရာ ကော်မတီတွင်ပါဝင်ခဲ့သည့် ကျေးရွာအချို့အား NEP စီမံချက်အရ နိုင်ငံတော်အစိုးရရန်ပုံငွေဖြင့် တည်ဆောက်ခွင့်ရရှိခြင်းကြောင့် အဆိုပါ ဓာတ်အားလိုင်းအား နိုင်ငံတော်အစိုးရ၏ ဓာတ်အားလိုင်း အဖြစ် လွှဲပြောင်းတည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ပျော်ဘွယ်မြို့၏ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာရှိသည့် ရွှေညောင်ဖူး/ကျောက်ချပ် ကျေးရွာအုပ်စုသည် အိမ်ခြေပေါင်း ၁၃၀၀ ကျော်နှင့် တိုက်နယ်ဆေးရုံတစ်ခု၊ ရဲစခန်းတစ်ခု၊ အထက်တန်းကျောင်း တစ်ကျောင်းနှင့် စည်ပင်ဈေးများတည်ရှိရာ ကျေးရွာအုပ်စုကြီးများဖြစ်ပြီး ပတ်ဝန်းကျင်တွင် ကျေးရွာအုပ်စု ၉ စုဖြင့် ကျေးရွာပေါင်း ၃၀ ကျော် ဆက်စပ်တည်ရှိလျက် ရှိပါကြောင်း၊


Read More...

: 07-Jun-2019
မောက်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စုနှင့် ပန်းတန်ကျေးရွာအုပ်စုမှ ဒေသခံပအိုဝ်းတိုင်းရင်းသားများ (၂၄)နာရီ လျှပ်စစ်ဓာတ်အားအသုံးပြုခွင့်ရရှိရေးအတွက် မည်ကဲ့သို့ကူညီပံ့ပိုးဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိတို့မောက်မယ်မြို့နယ်တွင် မြို့နှင့် ၁၈ မိုင်ကွာဝေးသောဒေသမှာ ဟိုနမ့်ကျေးရွာအုပ်စုနှင့် ပန်းတန်ကျေးရွာ အုပ်စုဆိုပြီး ဒေသခံပအိုဝ်းတိုင်းရင်းသားများ စုပေါင်းနေထိုင်သော ကျေးရွာအုပ်စုကြီး နှစ်အုပ်စုရှိပါကြောင်း၊


Read More...

: 07-Jun-2019
တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့အတွင်း၍ရှိ မိုးဗြဲဆည်(ခ)ဖယ်ခုံအင်း၏ အရှေ့ဘက်တွင် နေထိုင်သော ကျေးရွာများကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုးဗြဲဆည် (ခေါ်) ဖယ်ခုံအင်းဟာ ၁၉၆၈ ခုနှစ် ၁ လပိုင်းမှ ၁၉၇၁ ခုနှစ် ၉ လပိုင်းအထိ ၃ နှစ်ကျော်ကာလအတွင်း ဘီလူးချောင်းကို ရေကာတာတည်ဆောက်ရာမှ ဖြစ်ပေါ်လာသည့် အိမ်တစ်အိမ်ဖြစ်ပါကြောင်း၊ မိုးဗြဲရေကာတာမတည်ဆောက်မီ အချိန်က ဘီလူးချောင်း ဘေးတစ်ဘက်တစ်ချက်တွင် နန်းသုတ်ရွာ၊ စကွယ်ရွာ၊ ပါလိရွာ၊ ဈေးတန်းရွာ၊ ဘဝသိရွာ၊ လဟွဲရွာ၊ နောင်လိုင်ရွာစသည့် ရွာများသည် ဘီလူးချောင်းကို အမှီပြုပြီး လယ်ယာစိုက်ပျိုးရေး၊ ငါးမွေးမြူရေးစသည်‌့ လုပ်ငန်းများဖြင့် အသက်မွေးဝမ်း နေထိုင်ခဲ့ကြပါကြောင်း၊ မိုးဗြဲဆည်တည်ဆောက်ပြီးနောက် စိုက်ပျိုးမြေ ဧက ၁၀၀၀၀ ကျော် ရေနစ်မြုပ်ခံရသည်‌့အပြင် ဘီလူးချောင်းဘေးရှိ ကျေးရွာများသည် ရေမြုပ်ဧရိယာလွတ်ရာ အင်း၏အရှေ့ဘက်ကမ်းရှိ တောင်ကုန်း/တောင်စောင်းများအပေါ်သို့ ပြောင်းရွှေ့နေထိုင်ကြရပါကြောင်း ထို့ကြောင့် ၎င်းရွာများသည် ယနေ့ထိတိုင် ဖွံ့ဖြိုးမှုနောက်ကျနေဆဲ ကျေးရွာများဖြစ်ပါကြောင်း၊


Read More...

: 07-Jun-2019