The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်သူ့လွှတ်တော်ကဏ္ဍ


၂၀၁၉ ခုနှစ် နွေရာသီကာလဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလတို့တွင် မြန်မာနိုင်ငံ၌ လျှပ်စစ်သုံးစွဲမှုမဂ္ဂါဝပ် (MW) မည်မျှရှိမည်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ခန့်မှန်း တွက်ချက်ထားမှုအခြေအနေနှင့် လျှပ်စစ်ပြတ်တောက်မှုရှိစေရန် မည်ကဲ့သို့စီစဉ်ဆောင်ရွက်ထားသည် တို့ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ယနေ့နှင့် အနီးဆုံးရက်ဖြစ်သော ၂၅-၄-၂၀၁၉ ရက်နေ့က လျှပ်စစ်ဝန်ကြီးဌာန Website ကတင်ပြထားသော လျှပ်စစ်အမြင့်ဆုံးထုတ်လုပ်မှု ၃၄၃၈.၁ မဂ္ဂါဝပ်ထုတ်ခဲ့ပါကြောင်း၊ ပြီးခဲ့သည့်နှစ် ဧပြီလ ၂၅ ရက်နေ့က ၃၃၄၉ မဂ္ဂါဝပ်အထိ ထုတ်နိုင်ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် အနည်းငယ်ပိုပြီးသာ ထုတ်သည်ကို တွေ့ရပါကြောင်း၊


Read More...

: 07-Jun-2019
ဆင်ပေါင်ဝဲမြို့နယ် အတွင်းရှိ အင်းလတ်၊ ဇောင်ချမ်းတောင်၊ အင်းမ၊ အလယ်ရွာ၊ သာဝတ္တိ စသည့် ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေး အတွက် လိုအပ်သောဓာတ်အားလိုင်း သွယ်တန်းမှုများနှင့် ထရန်စဖော်မာတပ်ဆင်ပေးခြင်း လုပ်ငန်းများအား ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
မိမိတို့အစိုးရသစ် လက်ထက်တွင် ၂၀၃၀ ခုနှစ်မတိုင်မီ ကျေးလက်၊ ကျေးရွာများအားလုံး မီးလင်းရမည်ဆိုပြီး မူဝါဒများချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေခဲ့ခြင်း အားလုံးအသိ ဖြစ်ပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အထိ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျေးရွာနှစ်ရွာနှင့် ရပ်ကွက် သုံးရပ်ကွက်သာ မီးလင်းခဲ့ပါကြောင်း၊


Read More...

: 06-Jun-2019
လယ်ဝေးမြို့နယ်၊ ဗောဓိကုန်းကျေးရွာတွင် 33/11 KV 5-MVA ဓာတ်အားခွဲရုံတစ်ရုံတည်ဆောက် ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများတိုးတက် မြင့်မားလာစေရန် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးအပါအဝင် လျှပ်စစ်မီးလင်းရေးသည် အလွန်အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်နေပါကြောင်း၊ လယ်ဝေးမြို့နယ်သည် ကျေးရွာပေါင်း ၂၆၁ ရွာ၊ ရပ်ကွက်ကြီး ခုနစ်ရပ်ကွက်နှင့် လူဦးရေသုံးသိန်းနီးပါး နေထိုင်သည့် မြို့ဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီ ရှစ်မြို့နယ်ထဲတွင် ဧရိယာအကျယ်ဆုံး၊ လူဦးရေအများဆုံးနှင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသည့်မြိုလည်း ဖြစ်ပါကြောင်း၊


Read More...

: 06-Jun-2019
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် လိုအပ်လျက်ရှိသော 66/11 KVA ဓာတ်အားခွဲရုံများ ဆောက်လုပ် ပေးပါရန်၊ ဝါယာကြိုးများ တပ်ဆင်ခြင်း၊ ပြုပြင်ခြင်း၊ လမ်းမီးသီး/မီးလုံးများ ပြုပြင်တပ်ဆင်ခြင်း၊ ရှုပ်ထွေးဝါယာကြိုးများ ရှင်းလင်းရေးအတွက် ထရိန်းကား သို့မဟုတ် လုပ်ငန်းသုံးကားတစ်စီးနှင့် လျှပ်စစ်ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများ လုံလောက်စွာချထားပေးပါရန်၊ သုံးစွဲမီတာ၊ သုံးစွဲထရန်စဖော်မာများအတွက် ကိုက်ညီသော မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဝန်ထမ်းဖွဲ့စည်းပုံ တိုးချဲ့ခန့်ထားပေးပါရန် သို့မဟုတ် မြို့နယ် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့ခွဲအင်အား ချထားပေးပါရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်သည် လူနေ ၃၂ ရပ်ကွက်၊ လူနေရန်ထပ်မံ အသစ်ဖော်ထုတ်ပြီးရပ်ကွက် ၁၀ ရပ်ကွက်ရှိပြီး လူဦးရေအားဖြင့် ၃၇၀၀၀၀၊ စက်မှုဇုန်လေးဇုန်၊ စက်ရုံအလုပ်ရုံပေါင်း ၁၀၀၀ ကျော်ရှိပြီး လူနေအိမ်များ၊ စက်ရုံအလုပ်ရုံများ၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို ကြည့်မည်ဆိုလျှင် မီးသုံးစွဲသူ မီတာ အလုံးရေ ၇၂၈၂၉ လုံးသုံးစွဲလျက်ရှိပါကြောင်း၊


Read More...

: 06-Jun-2019
တောင်ဥက္ကလာပမြို့နယ်အတွင်း သက်တမ်းကြာနေပြီဖြစ်သော လျှပ်စစ်မီးကြိုးများနေရာတွင် လျှပ်စစ်မီးကြိုးအသစ်များ အစားထိုးဆောင်ရွက်ခြင်းကို မည်ကဲ့သို့သော အစီအစဉ်ဖြင့် စီမံချက်ချ၍ ဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ယခု မိုးဦးကျအချိန်သည် လေပြင်းတိုက်ခတ်မှုများကြောင့် လျှပ်စစ်ဓာတ်ကြိုးများ ပြတ်ကျခြင်းတို့ ဖြစ်ပွားနေသည့်အချိန် ဖြစ်ပါကြောင်း၊ ဓာတ်ကြိုးပြတ်ကျသည့် အကြောင်းရင်းများထဲတွင် ဓာတ်ကြိုးနှင့်မလွတ်သည့် အပင်/အကိုင်းများကလည်း အကြောင်းအရင်းတစ်ခု ဖြစ်နေပါကြောင်း၊ ၂၀၁၆ ခုနှစ်အထိ လျှပ်စစ်ဌာနသည် လျှပ်စစ်ကြိုးနှင့် မလွတ်သည့် အပင်/ကိုင်းများကို ခုတ်ပါကြောင်း၊ မြို့နယ်စည်ပင်က သိမ်းဆည်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို တွေ့ရှိရပါကြောင်း၊


Read More...

: 06-Jun-2019