The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်သူ့လွှတ်တော်ကဏ္ဍ


ရေကြည်မြို့နယ်၊ ငဝန်မြစ်အနောက်ဘက်ကမ်းကျေးရွာများသို့ ငဝန်မြစ်ကိုဖြတ်ကျော်ပြီး သီတာ ကုန်းပြင်ကျေးရွာကြီးကို အခြေခံကာ လျှပ်စစ်မီးသွယ်တန်းပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
ရေကြည်မြို့နယ်သည် ငဝန်မြစ်မှ မြောက်နှင့်တောင်ကို ဖြတ်သန်းစီးဆင်းပြီး အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းဆိုပြီး နှစ်ပိုင်းကွဲနေခြင်း ဖြစ်ပါကြောင်း၊ အရှေ့ဘက်ကမ်းသည် နယ်မြေ၏ သုံးပုံနှစ်ပုံခန့်ရှိပြီး အနောက်ကမ်းက နယ်မြေ၏ သုံးပုံတစ်ပုံခန့်သာရှိပြီး နောက်ဘက်ကမ်းတွင် ရွာပေါင်း ၁၄၀၊ လူဦးရေပေါင်း ၇၀၀၀၀ ခန့် နေထိုင်ခြင်းဖြစ်ပါကြောင်း၊


Read More...

: 06-Jun-2019
လစဉ်သုံးစွဲပြီးသော ယူနစ်များကို Digital စနစ်ဖြင့် မီတာမဖတ်နိုင်သေးမီ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်လျှပ်စစ်ဌာနတိုင်း၏ ဝန်ထမ်းလိုအပ်ချက်များကို ပြန်လည်စိစစ်ပြီး ဝန်ထမ်းများ အမြန်ဆုံး ဖြည့်ဆည်းခန့်ထားပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
နမ္မတူမြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံး၊ နမ္မတူမြို့၏ ဖွဲ့စည်းပုံစာရင်း ဖြစ်ပါကြောင်း၊ ၎င်းစာရင်းအရ ဒုတိယလက်ထောက် ကြီးကြပ်ရေးမှူး မီတာစာရေးသည် ခွင့်ပြုနှစ်ဦးလို့ ပါရှိသော်လည်း လုံးဝလစ်လပ်လျက် ရှိနေပါကြောင်း၊ တောင်ပေါ်ဒေသအတွက် ဒုတိယလက်ထောက် ကြီးကြပ်ရေးမှူး မီတာစာရေးတစ်ဦးသည် မီတာအလုံးရေ ၇၀၀ ကို ဖတ်ရခြင်း၊ ကတ်ဖြည့်ရခြင်း၊ မီတာဘေလ်ရေးရခြင်း၊ ဘေလ်ဝေရခြင်းနှင့် ငွေကောက်ရခြင်းတို့ကို တာဝန်ယူရမည် ဖြစ်ပါကြောင်း၊


Read More...

: 06-Jun-2019
(ဃ)-မြစ်သားမြို့နယ်၊ မြောင်းကြီးဘောင်၊ ပွဲလုံးကျော်နှင့် ထိန်ကန်ကြီးကျေးရွာများမှာ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ကျေးရွာမီးလင်းရန် အခက်အခဲရှိနေသောကြောင်း လျှပ်စစ်မီးရရှိရေးအတွက် ရန်ပုံငွေချထားပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း
မိမိတို့လွှတ်တော်၏ ဆောင်ပုဒ်ဖြစ်သည့် “ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်ကဖော်ဆောင်ရွက်” ဟူသည့်အတိုင်း မိမိတို့သည် လွှတ်တော် အစည်းအဝေးနားချိန်တွင် ကျေးရွာများသို့သွားရောက်ပြီး လွှတ်တော်အတွေ့အကြုံ ရှင်းလင်းခြင်း၊


Read More...

: 28-Feb-2019
(ဂ)-မန်တုံမြို့နယ်၊ နမ့်ဟိုင်းကျေးရွာအုပ်စု၊ နမ့်ဟိုင်းကျေးရွာ(မိုင်းမော်ဒေသ)အား လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မန်တုံမြို့နယ်တွင် ကျေးရွာပေါင်း ၁၅၃ ရွာရှိပြီး အမှန်တကယ် လျှပ်စစ်မီးရရှိသည့် မြို့ပေါ်ရပ်ကွက် လေးခုသာ ရှိပါကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၈)တွင် နိုင်ငံသူနိုင်ငံသားများ၏ မူလ အခွင့်အရေးနှင်‌့ ရပိုင်ခွင့်များကို တိတိကျကျပြဋ္ဌာန်းထားသော်လည်း မြို့နယ် လျှပ်စစ်မီးရရှိမှု အခြေအနေကိုကြည့်ခြင်းအားဖြင့် တန်းတူညီမျှမှုမည်မျှရှိသည်ကို သိနိုင်ပါကြောင်း၊


Read More...

: 28-Feb-2019
(ခ)-မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာများအား လျှပ်စစ်မီးရရှိနိုင်ရန် လျှပ်စစ်ဓာတ်အားလိုင်း လိုအပ်ချက် များအတွက် 66/11 KV ၊ 5MVA ဓာတ်အားခွဲရုံ(၂)ရုံအား ထပ်မံတိုးချဲ့ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မင်းတုန်းမြို့သည် ပုသိမ်-မုံရွာလမ်းမကြီးနှင့် ၃ မိုင် ၄ ဖာလုံ ကွာဝေးပြီး ရပ်ကွက် လေးခု၊ ကျေးရွာ အုပ်စု ၇၂ အုပ်စုတို့နှင့် ကျေးရွာပေါင်း ၁၇၆ ရွာရှိသော မြို့တစ်မြို့ဖြစ်ပြီး လျှပ်စစ်မီးရရှိရေး လိုအပ် နေသည့် မြို့ဖြစ်ပါကြောင်း၊


Read More...

: 28-Feb-2019