The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်သူ့လွှတ်တော်ကဏ္ဍ


(က)-တမူးမြို့နယ်သို့ မဟာဓာတ်အားလိုင်းသွယ်တန်းပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာနက မည်သို့စီမံဆောင်ရွက်ပေးမည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်တွင် လူဦးရေ ၁၂၇၀၀၀ ဝန်းကျင်ရှိပြီး မြန်မာနိုင်ငံ၏ အနောက်မြောက် အိန္ဒိယ-မြန်မာနယ်စပ်ဒေသတွင် တည်ရှိပါကြောင်း၊ ၈.၄.၂၀၁၆ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ မဏိပူရလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကုမ္ပဏီမှ တစ်ယူနစ်လျှင် နှစ်ရာကျပ်နှုန်းဖြင့် လျှပ်စစ် ဓာတ်အားဝယ်ယူအသုံးပြုနေပါကြောင်း၊ လတ်တလောတွင် တမူးမြို့နေပြည်သူများအတွက် လျှပ်စစ်မီး လိုအပ်ချက် ပြည့်စုံသော်လည်း ရေရှည်တွင် လျှပ်စစ်မီးသုံးစွဲမှုများလာသည်နှင့်အမျှ ကုန်ကျစရိတ် များပြားနိုင်ပါကြောင်း၊


Read More...

: 28-Feb-2019
ဆိပ်ဖြူလျှပ်စစ်ဓာတ်အားခွဲရုံမှ လက်ဆယ်ကျေးရွာထိ၊ ပင်းတလဲကျေးရွာနှင့် ဆူးလေကုန်း ကျေးရွာထိမီးတိုင်၊ မီးကြိုးများသွယ်တန်းပြီးဖြစ်ပါ၍ မီးတိုင်၊ မီးကြိုးနှင့်နီးသော ကျေးရွာများအား လျှပ်စစ်မီးပေးနိုင်ခြင်း ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
၇-၆-၂၀၁၆ ခုနှစ် ဒုတိယအကြိမ် ပထမပုံမှန်အစည်းအဝေး (၄၀)ရက်မြောက်နေ့တွင် မိမိလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို မေးခွန်းသုံးခုမေးမြန်းခဲ့ပါကြောင်း၊ လက်ဆယ်ကျေးရွာထိမီး သွယ်ပေးနိုင်ခြင်းရှိ/မရှိ၊ ပင်းတလဲကျေးရွာထိ မီးသွယ်ပေးနိုင်ခြင်းရှိ/မရှိနှင့် ကျန်ရွာများ မီးသွယ် ပေးနိုင်ခြင်းရှိ/မရှိတို့ကို မေးမြန်းခဲ့သည့်အခါ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနဝန်ကြီးက ပထမမေးခွန်း နှစ်ခုကို သွယ်တန်းပေးမည်ဟု ကတိပေးခဲ့သည့်အတိုင်း 11 KV လိုင်းများကို မီးကြိုးနှင့် ဓာတ်တိုင်များ သွယ်တန်းပြီးဖြစ်ပါကြောင်း၊


Read More...

: 28-Feb-2019
-မြေပုံမြို့ပေါ်ရှိ ပြည်သူများ၊ င/မန်းရဲ ကျွန်းတိုက်နယ်ရှိ ကျေးရွာများ၊ မြေပုံမြို့နယ်အတွင်း မဟာ ဓာတ်အားလိုင်း ဖြတ်သန်းသွားရာဒေသရှိ ကျေးရွာများ လျှပ်စစ်မီးသုံးစွဲနိုင်ရန် မည်သို့ စီမံဆောင်ရွက် ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
မြေပုံမြို့ပေါ် ၉ ရပ်ကွက်တွင် အိမ်ထောင်စုပေါင်း ၂၆၀၀ ကျော်ရှိသည့်အနက် ထက်ဝက်ခန့်ကိုသာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး နိုင်ပါသေးကြောင်း၊ ကျန်နေရာများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် မြို့နယ် လျှပ်စစ်မှူးကို မေးကြည့်သည့်အခါ သဲတန်းရပ်ကွက်နှင့် ကံသာထွက်ရပ်ကွက်အတွက် ၁၁/ဝ.၄ ကေဗွီ အေ ထရန်စဖော်မာနှစ်လုံး တပ်ဆင်နိုင်ရန် လိုအပ်သည်ဟု ပြောပြသည့်အတွက် ၎င်းမြို့ပေါ်တွင် လျှပ်စစ်မီး အလုံအလောက်ရရှိရေးအတွက် ဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ ကူညီဆောင်ရွက်နိုင်မည်ကို ပထမဦးစွာ သိရှိလိုပါကြောင်း၊


Read More...

: 28-Feb-2019
မြန်မာနိုင်ငံအတွင်း၌ လျှပ်စစ်ဓာတ်ကြိုးဖြတ်တောက်ပြီး မြေပြင်သို့ပြုတ်ကျမှုများကြောင့် ဓာတ်လိုင်း သေဆုံးမှုများဖြစ်ပေါ်လျက်ရှိရာ ဓာတ်လိုက်မှုကို ကာကွယ်မှုပေးနိုင်သော SAC လျှပ်ကာ ဓာတ်ကြိုများ လွဲလှယ်မှုကို မည်ကဲ့သို့အစီအမံချပြီး‌ေ ဆာင်ရွက်နေသည်ကို သိလိုခြင်းနှင်‌့စပ်လျဉ်းသည့် မေးခွန်း
ရန်ကုန်မြို့တွင် လွန်ခဲ့သည့် မိုးရာသီတွင် ၈ တန်းကျောင်းသား အပြစ်မဲ့ကျောင်းသားတစ်ဦး ဓာတ်လိုက် သေဆုံးခဲ့ပါကြောင်း၊ မသေသင်‌့သည့် ကလေးငယ်များ၊ ပြည်သူလူထုများ အသက်ဆုံးရှုံးခဲ့ပါ ကြောင်း၊ မိမိတို့နိုင်ငံ၏ လျှပ်စစ်လုပ်သားများ အကာအကွယ်မရှိဘဲ အသက်စွန့်စားပြီး လုပ်ရသည့်အတွက် အန္တရာယ်ကြီးစွာရင်ဆိုင်နေရပြီး ထိခိုက်သေကြေမှုများရှိခဲ့ပါကြောင်း၊


Read More...

: 28-Feb-2019
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကုန်းတွင်းလုပ်ကွက် ရေနံမြေများနှင့် ကမ်းလွန် လုပ်ကွက်များကို ရေနံကုမ္ပဏီများနှင့် စာချုပ်များ ချုပ်ဆိုပြီး ဆောင်ရွက်ရာတွင် ၎င်းလုပ်ကွက် များ၏ ဆိုက်စမစ်တိုင်းတာခြင်း အခြေအနေများကို သိလိုခြင်းနှင့် စီးပွားဖြစ်ထုတ်လုပ်နိုင်မည်‌့ အခြေအနေ များရှိ/မရှိ သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့တိုင်းပြည်အတွက် ရေနံသဘာဝဓာတ်ငွေ့နှင့် ရေနံဂက်စ်သည် အလွန်လိုအပ်ပါကြောင်း၊ တိုင်းပြည်၏ဝင်ငွေအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဝင်ငွေနှင့် အခွန်များ အများဆုံး ရခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံတွင် စွမ်းအင်လျှပ်စစ်၊ စွမ်းအင်ကဏ္ဍများ အများအပြားလိုသည့်အပြင် စွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍လည်း ပူပန်မှုများများစွာ ရှိနေပါကြောင်း၊


Read More...

: 28-Feb-2019