The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်သူ့လွှတ်တော်ကဏ္ဍ


(ခ)-ရန်ကုန်နှင့်မန္တလေး လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း (YESC) နှင့် (MESC) တို့အနေဖြင့် မည်သည့်မြို့နယ်များကို တာဝန်ယူလုပ်ကိုင်ပြီး မည်သည့် မြို့နယ်များကို Franchise တာဝန်ပေးအပ် လုပ်ကိုင်နေသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)နှင့် မန္တလေးလျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်း(MESC) တို့အနေဖြင့် မည်သည့်မြို့နယ်များကို တာဝန်ယူလုပ်ကိုင်ပြီး မည်သည့် မြို့နယ်များကို Franchise တာဝန်ပေးအပ် လုပ်ကိုင်နေသည်ကို သိလိုခြင်း၊ မြို့နယ်တစ်မြို့နယ်ချင်း အလိုက် Franchise၊ YESC နှင့် MESC တို့၏တာဝန်ယူ လုပ်ကိုင် နေသော ဓာတ်အားပျောက်ဆုံးမှု အခြေအနေစာရင်းများကို သိလိုခြင်းနှင့် ဓာတ်အားပျောက်ဆုံးမှုများရှိနေခြင်းကြောင့် နိုင်ငံတော် ပြည်သူ့ဘဏ္ဍာငွေများနစ်နာမှုများ ဖြစ်ပေါ်နေ၍ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းအောင် မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို သိလိုခြင်းတို့နှင့် စပ်လျဉ်းသည့်မေးခွန်း


Read More...

: 28-Feb-2019
(င)-Base Load ဖြစ်သော ရေအားလျှပ်စစ်စီမံကိန်းကို လျှပ်စစ်လိုအပ်လျက်ရှိသော မြန်မာနိုင်ငံ အတွင်းတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် မည်ကဲ့သို့စီစဉ်ဆောင်ရွက်နေ သည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်မှုမှာ ပြီးခဲ့သည့် ၈-၇-၂၀၁၈ ရက်က ၃၀၃၈ မဂ္ဂါဝပ် ကျွန်တော်တို့ ထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ နေပြည်တော်တွင် သုံးစွဲမှုက ၁၃၃.၂ မဂ္ဂါဝပ်သုံးစွဲခဲ့ပါကြောင်း၊ ရန်ကုန်မြို့တွင် ၁၂၅၁.၇ မဂ္ဂါဝပ် သုံးစွဲခဲ့ပြီး မန္တလေးမြို့တွင် ၅၈၆.၂ မဂ္ဂါဝပ် သုံးခဲ့ပါကြောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၁၁၆၃.၁ မဂ္ဂါဝပ် သုံးစွဲခဲ့ပါကြောင်း၊ ဓာတ်ငွေ့နှင့် ကျောက်မီးသွေးသည် ကျောက်မီးသွေးက ထုတ်လုပ်မှုနည်းပါကြောင်း၊


Read More...

: 28-Feb-2019
(စ)-ဆင်ပေါင်ဝဲမြို့နယ်၊ ဓနုံးမြောင်ကျေးရွာအနီးတွင် (၆၆/၁၁) ကေဗွီ (၅) အမ်ဗွီအေဓာတ်အားခွဲရုံ တည်ဆောက်ခြင်းနှင့် (၆၆)ကေဗွီလိုင်း ၂၀ မိုင် တည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေး နိုင်ခြင်းရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်မေးခွန်း
ဆင်ပေါင်ဝဲမြို့နယ်အတွင်း ကျေးရွာစုစုပေါင်း ၁၄၂ ရွာရှိသည့်အနက် ကျေးရွာပေါင်း ၁၉ ရွာခန့်သည် လျှပ်စစ်မီးရရှိပြီး ဖြစ်ပါကြောင်း၊ လျှပ်စစ်မီးအခြေအနေနှင့်ပတ်သက်ပြီး မိမိမဲဆန္ဒနယ်ကို အုပ်စုသုံးစု ခွဲကြည့်ပါက ဧရာဝတီမြစ်၏အနောက်ဘက်ကမ်းတွင် ကျေးရွာအုပ်စုကိုးအုပ်စု ရှိပါကြောင်း၊ ရန်ကုန်-မန္တလေးကားလမ်းနှင့် ဧရာဝတီမြစ်ကြား အလယ်ခြမ်းတွင် ကျေးရွာအုပ်စု ၁၇ စုနှင့် ရပ်ကွက် သုံးရပ်ကွက်ရှိပါကြောင်း၊ အရှေ့ဘက်ခြမ်းတွင် ကျေးရွာအုပ်စု ၂၀ ခန့်ရှိပါကြောင်း၊


Read More...

: 28-Feb-2019
(ဂ)-ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြိုးပမ်းဆောင်ရွက်ခဲ့သော ၁၂၈၀ မီဂါဝပ်ထွက်ရှိမည့် USC (Ultra Super Critical) နည်းပညာသုံး ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိတို့နိုင်ငံတွင် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရန်အတွက် လျှပ်စစ်ဓာတ်အားများစွာရရှိရန် လိုအပ် လျက်ရှိပါကြောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၃၀ ရာခိုင်နှုန်းခန့်သာရှိပြီး ကရင်ပြည်နယ်တွင် ခြောက်ရာခိုင်နှုန်းခန့်သာ လျှပ်စစ်မီးရရှိပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုတွင် ရာခိုင်နှုန်းအနည်းဆုံးပြည်နယ် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ လျှပ်စစ်သုံးစွဲမှုသည် နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲလျက်ရှိပြီး ၄၀၀ မီဂါဝပ်ခန့် တိုးတက်ထုတ်လုပ်နိုင်ရန် လိုအပ်လျက် ရှိပါကြောင်း၊


Read More...

: 28-Feb-2019
(ဂ)-ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများ လျှပ်စစ်မီးပျံ့နှံ့စွာရရှိစေရန် မြို့နယ်နှင့် ဆက်သွယ်သည့် ၁၁ ကေဗွီ လျှပ်စစ်ဓာတ်အားလိုင်းများ တိုးချဲ့ချိတ်ဆက်ပေးရန် အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ကျောင်းကုန်းမြို့နယ်တွင် ရပ်ကွက်သုံးခု၊ ကျေးရွာအုပ်စု ၆၅ အုပ်စု၊ ကျေးရွာခွဲပေါင်း ၄၁၆ ရွာရှိရာ မဟာဓာတ်အားလိုင်းရရှိသည့် ကျေးရွာများတွင် ၁၈ ရွာသာရှိခဲ့ပြီး ၎င်းကျေးရွာများအနေဖြင့် လျှပ်စစ်မီး ဆွဲခွင့်ကို ခွင့်ပြုချက်ရရှိ၍ ကိုယ်ထူကိုယ်ထ ငွေကြေးသုံးစွဲပြီး ဆောင်ရွက်ခဲ့ခြင်းမျှသာ ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် NEP အစီအစဉ်နှင့် နှစ်မိုင်အတွင်း ကျေးရွာငါးရွာမှာလည်း မြို့နှင့်ဆက်စပ်သည့် မြို့အဖျားကျေးရွာများသာ ဖြစ်ပါကြောင်း၊ ကျေးလက်ဖွံ့ဖြိုးမှု ဦးစီးဌာန အစီအစဉ်နှင့် ကျေးရွာများကို ဆိုလာစနစ်ဖြင့် မီးရရှိအောင် ဆောင်ရွက်ပေးသည့်အခါ ယခင်ဆောင်ရွက်ခဲ့သည့် ကျေးရွာ ၃၂ ရွာမှာလည်း ဆိုလာစနစ်များက အဆင်မပြေပါကြောင်း၊


Read More...

: 28-Feb-2019