The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်သူ့လွှတ်တော်ကဏ္ဍ


(ဂ)-ငပုတောမြို့နယ် ကျုံကူးတိုက်နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသော ကျေးရွာများအတွက် လျှပ်စစ်မီးလင်းရေးကိစ္စများ ဆက်လက်ဆောင်ရွက်ခြင်းမရှိဘဲ အဘယ်ကြောင့် ကြန့်ကြာနေသည်ကို သိလိုခြင်းနှင်‌့ စပ်လျဉ်းသည့်မေးခွန်း
တစ်နိုင်ငံလုံး အတိုင်းအတာနှင့် လျှပ်စစ်စွမ်းအင်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် အထူးအားသွန်ခွန်စိုက် ကြိုးပမ်းနေသည်ကို တွေ့မြင်ကြားသိရ၍ မိမိတို့ငပုတောမဲဆန္ဒရှင် ပြည်သူများက မျှော်လင့်နေကြကြောင်း၊ တစ်မြို့နယ်လုံးအတိုင်းအတာနှင့် လျှပ်စစ်မီးရရှိမှု တရားဝင် စာရင်းများအရ များစွာနိမ့်ကျ နည်းပါးနေပါကြောင်း၊


Read More...

: 28-Feb-2019
(င)-ထီးလင်းမြို့နယ်အတွင်းရှိ အကြည်ဘန်း၊ အလယ်ဘန်း၊ အညာဘန်းကျေးရွာ(၃)ရွာအား လျှပ်စစ်မီး ရရှိရေးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
ကျေးရွာသုံးရွာသည် ထီးလင်းမြို့မှ ပေါက်-ပခုက္ကူသွားကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး ကျေးရွာသုံးရွာတွင် အိမ်ထောင်စု ၃၈၀ ကျော်ရှိပြီးမှ လူဦးရေ ၁၈၀၀ ခန့် တည်ရှိသည့်အပြင် အကြည်ဘန်းကျေးရွာဆိုလျှင် ထီးလင်းမြို့နှင့် ၈ မိုင်ဝေးပြီး အညာဘန်းကျေးရွာသည် ၁၂ မိုင် ခန့်ဝေးပါကြောင်း၊ ကားလမ်းမကြီးအနီး ရှိသည့်အတွက် သွားလာရလွယ်ကူသော ကျေးရွာများလည်း ဖြစ်ပါကြောင်း၊


Read More...

: 28-Feb-2019
(ဃ)-ထီးလင်းမြို့နယ်အတွင်း ကျင်းကျေးရွာဒေသရှိ ကျေးရွာကိုးရွာ လျှပ်စစ်မီးရရှိရေးစီစဉ်ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ကျေးရွာသုံးရွာသည် ထီးလင်းမြို့မှ ပေါက်-ပခုက္ကူသွားကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး ကျေးရွာသုံးရွာတွင် အိမ်ထောင်စု ၃၈၀ ကျော်ရှိပြီးမှ လူဦးရေ ၁၈၀၀ ခန့် တည်ရှိသည့်အပြင် အကြည်ဘန်းကျေးရွာဆိုလျှင် ထီးလင်းမြို့နှင့် ၈ မိုင်ဝေးပြီး အညာဘန်းကျေးရွာသည် ၁၂ မိုင် ခန့်ဝေးပါကြောင်း၊ ကားလမ်းမကြီးအနီး ရှိသည့်အတွက် သွားလာရလွယ်ကူသော ကျေးရွာများလည်း ဖြစ်ပါကြောင်း၊


Read More...

: 27-Feb-2019
မိုးမိတ်မြို့တွင် လျှပ်စစ်မီး (၂၄)နာရီ ရရှိသုံးစွဲနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ကျွန်တော်တို့မိုးမိတ်မြို့သည် ရှမ်းစော်ဘွားများလက်ထက်ကတည်းက တည်ရှိခဲ့သည့် မြို့ဖြစ်ပါကြောင်း၊ မြို့အနေအထားအရဆိုလျှင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်က လျှပ်စစ်မီးလင်းရေးသည် ၂၄ နာရီရရှိပါကြောင်း၊ ယခုနောက်ပိုင်းတွင် လျှပ်စစ်မီးရရှိမှု မရှိတော့သည့်အတွက် မိုးမိတ်မြို့သည် ယခုဆိုလျှင် ခရိုင်မြို့လည်းဖြစ်နေပြီး စစ်တပ်ကလည်းသုံးတပ်၊ အခြေချစစ်ဗျူဟာတစ်ခု တည်ဆောက်ပြီး အထက်တန်းကျောင်းကလည်းသုံးကျောင်း၊ ကျောင်းခွဲများကလည်း လေးကျောင်းအပြင် အထက်တန်းကျောင်းခွဲများလည်း ရှိပါကြောင်း၊


Read More...

: 27-Feb-2019
(စ)-တောင်ငူ-လွိုင်ကော်-ဟိုပုန်း ပြည်ထောင်စုလမ်းမပေါ် ဆိုက်ခေါင်မှတောင်ဘက် ကယားနယ်စပ်အထိ နှင့် (၂)မိုင်အတွင်းရှိကျေးရွာများအား ဓာတ်အားလိုင်း သွယ်တန်းပေးမည့်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်သည် စတုရန်းမိုင် ၉၇၁ ကျယ်ဝန်းပြီး မြို့ပေါ် ခြောက်ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃ အုပ်စု၊ ရွာပေါင်း ၃၂၂ ရွာဖြင့့်် ဖွဲ့စည်းထားရှိပြီး ပအိုဝ်း၊ ရှမ်း၊ ဗမာ၊ ကယန်း၊ လီဆူး၊ အင်းသားနှင့် အခြားတိုင်းရင်းသားများအပါအဝင် စုစုပေါင်း လူဦးရေ ၁၅၀၀၀၀ ခန့် နေထိုင်လျက်ရှိပါကြောင်း၊ အရှေ့ဘက်တွင် မောက်မယ်မြို့နယ်၊ လွိုင်လင်မြို့နယ်၊ အနောက်ဘက် တွင် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်၊ ဖယ်ခုံမြို့နယ်နှင့် တောင်ဘက်တွင် လောပိတရေအား လျှပ်စစ်စက်ရုံတည်ရှိရာ ကယားပြည်နယ် လွိုင်ကော်မြို့နယ်နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါကြောင်း၊


Read More...

: 27-Feb-2019