The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်သူ့လွှတ်တော်ကဏ္ဍ


(ဇ)-ပြည်သူပိုင်အဖြစ် ၁၉၆၉ ခုနှစ်တွင် သိမ်းဆည်းခံရသော လွိုင်လင်မြို့၊ ရပ်ကွက်(၄) ပင်လုံလမ်း၊ ကွင်းအမှတ်(၅၄)၊ ဦးပိုင်အမှတ်(၈၉)၊ ဧရိယာ(ဝ.၂၆၁)ဧကအား မူလပိုင်ရှင်သို့ ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်တွင် မြန်မာ့ရေနံရောင်းဝယ်‌ရေးလုပ်ငန်း ဆီအရောင်းဆိုင် အမှတ် (၀၇၇၀) ဧရိယာ ဝ.၂၆၀ ဧကအား မူလပိုင်ရှင်၏သမီးကြီး အထက်တန်းပြ ကျောင်းဆရာမကြီး (အငြိမ်းစား) ဒေါ်ခင်မြင့်မှ ပြန်လည်ရရှိပိုင်ဆိုင်လိုကြောင်းနှင့် လွှတ်တော်သို့တင်ပြပြီး သက်ဆိုင်ရာဝန်ကြီးဌာနမှ အရေးယူဆောင်ရွက် ပေးနိုင်ပါရန် တင်ပြလာပါသည်။ မြန်မာ့ရေနံရောင်းဝယ်ရေးလုပ်ငန်း ဆီအရောင်းဆိုင် အမှတ် (၀၇၇၀) သည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ကွင်းအမှတ် (၅၄) ဦးပိုင်အမှတ် (၈၉) ပင်လုံလမ်းတွင် တည်ရှိပါကြောင်း၊


Read More...

: 27-Feb-2019
ရပ်စောက်မြို့နယ်အတွင်းရှိ 11 KV ဓာတ်အားလိုင်းများမှ (၂)မိုင်အတွင်းရှိသည့် ကျေးရွာများ ကျေးလက်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ရပ်စောက်မြို့နယ်သည် မြို့ပေါ်ရပ်ကွက် ၁၄ ရပ်ကွက်နှင့် ကျေးရွာ ၂၃၀ မြို့နယ်အတွင်း လူဦးရေ တစ်သိန်းငါးသောင်း ဝန်းကျင်နေထိုင်လျက်ရှိပြီး မြို့ပေါ်ရပ်ကွက်များတွင် လူဦးရေတစ်သောင်း ခုနစ်ထောင်ကျော်နှင့် ကျေးရွာများတွင် တစ်သိန်းသုံးသောင်းကျော် နေထိုင်လျက်ရှိပါကြောင်း၊ မိမိတို့ရပ်စောက်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားမရရှိသေးသော ကျေးရွာများအားလုံး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် ဓာတ်ခွဲရုံနှင့်ဓာတ်အားလိုင်းများ နှစ်အလိုက်တိုးချဲ့၍ စီမံချက်၊ လျာထားချက်များထားရှိပြီး ဆောင်ရွက်ပေးရန်လည်း လိုအပ်လျက်ရှိပါကြောင်း၊


Read More...

: 27-Feb-2019
ပျော်ဘွယ်မြို့အနောက်ဘက် နတ်မောက်မြို့နယ် နယ်စပ်ရှိ တိုက်နယ်ဆေးရုံနှင့် ကျေးရွာများ လျှပ်စစ်မီးရရှိနိုင်ရန် သဖန်းချောင်း 33/11 KV 3 MVA ဓာတ်အားခွဲရုံမှ တဲကြီးကုန်းကျေးရွာအုပ်စု၊ သီးပင်ကျေးရွာအထိ 33 KV ဓာတ်အားလိုင်း ၁၄ မိုင်နှင့် 33/11 KV 3 MVA ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်တွင်ရှိသည့် ပျော်ဘွယ်မြို့နယ်သည် စတုရန်းမိုင် ၆၃၇.၈၂ ကျယ်ဝန်းပြီး ကျေးရွာပေါင်း ၃၁၇ ရွာ ရှိပါကြောင်း၊ ၎င်းတို့ထဲတွင် လျှပ်စစ်အသုံးပြုနိုင်သည့် ကျေးရွာပေါင်း ၂၅ ရာခိုင်နှုန်းခန့်သာ ရှိသည့်အတွက် လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာပေါင်း ၂၃၇ ရွာ ကျန်ရှိပါသေးကြောင်း၊ အဆိုပါ ကျေးရွာများမှာ ပျော်ဘွယ်မြို့နယ် အနောက်ဘက် နတ်မောက်မြို့နယ်နှင့် မိတ္ထီလာမြို့နယ် နယ်စပ်တစ်ဝိုက်တွင်ရှိသည့် ကျေးရွာ အားလုံးပါဝင်လျက် ရှိပါကြောင်း၊


Read More...

: 27-Feb-2019
(ခ)-ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးရွာများ လျှပ်စစ်မီးလင်းစေရန် မည်သို့စီစဉ်ဆောင်ရွက် ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အခြေခံအဆောက်အဦများဖြစ်ကြသည့် လမ်း၊ တံတား၊ အဆောက်အဦများနှင့် ကျန်းမာရေး၊ ပညာရေး စသည်များ တိုးတက်လာစေရန် ဆောင်ရွက်ရသည့်အပြင် ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လျှပ်စစ်မီးရရှိရေးမှာလည်း အဓိကကျပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံအဝန်း လျှပ်စစ်မီးလင်းရေးဆောင်ရွက်ပါမှ နိုင်ငံဖွံ့ဖြိုးမှု လျင်မြန်စွာတိုးတက်စေမည် ဖြစ်ပါကြောင်း၊ လျှပ်စစ်စွမ်းအားရရှိနိုင်ပါက ရင်းနှီးမြှုပ်နှံမှုလည်း ပိုမိုရောက်လာမည်ဖြစ်ပါကြောင်း၊


Read More...

: 27-Feb-2019
(ဂ)-မင်းဘူး(စကု) မြို့နယ်တွင် အမှန်တကယ်လိုအပ်နေသော 33/11 KV 5 MVA မုန်တောင်ဓာတ်အား ခွဲရုံအား ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း
မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်သည် ကျေးရွာအုပ်စု ၇၄ အုပ်စုရှိပြီး ကျေးရွာပေါင်း ၁၅၅ ရွာရှိပါကြောင်း၊ အကယ်၍ ၎င်းမုန်တောင်ဓာတ်အားခွဲရုံ တည်ဆောက်ပေး လိုက်မည်ဆိုလျှင် အနီးအနားရှိ ကျေးရွာပေါင်း ၁၉ ရွာလည်း မီးလင်းသွားမည် ဖြစ်ပါကြောင်း၊ ယခုလိုမီးလင်း ပေးလိုက်သည့် ဓာတ်အားခွဲရုံ တည်ဆောက်ပေးပြီး ဒေသခံပြည်သူများ လျှပ်စစ်မီးလင်းခွင့် ရရှိမည်ဆိုပါက သဘာဝပတ်ဝန်းကျင် သစ်တောပြုန်းတီးမှုကိုလည်း ထိန်းသိမ်းကာကွယ် ပြီးဖြစ်မည် ဖြစ်ပါကြောင်း၊ မိမိတို့မုန်တောင်ကျေးရွာစာ် ကျေးရွာကြီးဖြစ်ပြီး တိုက်နယ်ဆေးရုံ၊ နယ်မြေရဲစခန်း၊ အထက်တန်းကျောင်း များအားလုံးလည်း တည်ရှိပြီးဖြစ်သဖြင့် ဒေသခံပြည်သူများ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် လမ်းပန်းဆက်သွယ်ရေးနှင့် အခြားလိုအပ်ချက်များကိုလည်း ပြည်သူ့အစိုးရကနေပြီး တတ်နိုင်သရွေ့ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ အမှန်တကယ် လိုအပ်နေသော မုန်တောင်ဓာတ်အားခွဲရုံနှင့် ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သွားရောက်ပြီး တွေ့ဆုံညှိနှိုင်းသည့်အခါ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ကြီးကနေပြီး 66KV, 33 KV တို့သည် ပြည်ထောင်စုဘတ်ဂျက်က လျာထားပြီး ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု ပြောပါကြောင်း၊


Read More...

: 27-Feb-2019